(၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပြည်နယ်နှင့်တိုင်း ဒေသအသီးသီး၌ ကျင်းပခဲ့ကြရာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပသော (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်၍ ပန်းခြင်းချ ဂါရဝပြုခဲ့ကြပါသည်။
မြင်းခြံမြို့နယ်၊ ပြည်မြို့နယ်၊ ဘားအံမြို့နယ်၊ ပုသိမ်မြို့နယ်တို့တွင်ကျင်းပသော အာဇာနည်နေ့ အခမ်းအနားများသို့လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်ရဲဘော်များ တက်ရောက် အလေးပြု ခဲ့ကြပါသည်။