၂၀၁၉၊ နိုဝင်ဘာ ၁၈ – ၂၂ ဌာနချုပ်ရုံး၊ ရန်ကုန်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ရွေးကောက်ပွဲမဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ နိုဝင်ဘာ ၁၈ရက်နေ့မှ ၂၂ ရက်နေ့ထိ ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံရေးဦးဆောင်မှု၊ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ သဘောတရား၊ ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခြင်း စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ပါတီဗဟိုကော်တီဝင်များ၊ ဒေသဆိုင်ရာကော်မတီခေါင်းဆောင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီူ ဆွေးနွေးခဲ့ကြပါသည်။