သံလွင်(Citizen Empowerment Program)နှင့် Triangle Women’s Support Group တို့ ပူးပေါင်းစီစဉ်သည့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို နေပြည်တော်၊ သာဝတ္ထိ၌ ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ “ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် နေပြည်တော် စည်ပင်သာယာရေးကော်မီတီဝင်နှင့် ခရိုင် ဒီချုပ်ဥက္ကဋ္ဌ ဦးမင်းသူ က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လက်ရှိနိုင်ငံရေးအခြေအနေရှုထောင့်မှ၎င်း၊ ဦးခင်မောင်ဇော်(ဆရာဇော်ဝင်းကို)က တရားဥပဒေစိုးမိုးရေးရှုထောင့်မှ၎င်း၊ ဒေါက်တာတင့်ထူးနိုင်က စီးပွားရေးရှုထောင့်မှ၎င်း ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။