တပ်နှင့်လက်နက်ကိုင်အဖွဲ့များလွှမ်းမိုးသည့်ဒေသများတွင် တရားမျှတသည့်ရွေးကောက်ပွဲဖြစ်မည်ဟု မယုံကြည်ကြောင်း တိုင်းရင်းသားပါတီများဆွေးနွေးခဲ့ဟုဆို (ရုပ်သံ)
လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်နှင့်လက်နက်ကိုင်အဖွဲ့တွေ့ရဲ့လွှမ်းမိုးမှုတွေကြောင့် လာမယ့် ၂၀၂၀ရွေးကောက်ပွဲဟာ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမယ်ဆိုတာကို မယုံကြည့်ဘူးလို့ တိုင်းရင်းသားပါတီ တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ်မှာ ထည့်သွင်းဆွေးနွေးပြောကြားခဲ့တယ်လို့လည်း အဲ့ဒိဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့တဲ့ လူ့ဘောင်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး(၁)ဖြစ်သူ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ရက်က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ တိုင်းရင်းသားပါတီတွေဘက်က ပြောဆို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဒေါ်နှင်းနှင်းမွှေးကပြောပါတယ်။
ကိုဖူးသစ်