လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့၏ အစည်းအဝေးကို ၂၀၁၉၊ ဖေဖော်ဝါရီ၊ ၂၁ ရက်နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်၏ ဆောင်ရွက်ထားရှိမှုများကို YNS အတွင်းရေးမှူး ကိုမျိုးစော့နှင့် ဥက္ကဋ္ဌ မအိသဉ္ဇာမောင်တို့က တင်ပြခဲ့ကြပြီး DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ၀ိုင်းဝန်း အကြံပြုဆွေနွေးခဲ့ကြပါသည်။ YNS ဗဟိုလုပ်ငန်းကော်မတီဝင်များနှင့် DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ အစည်းအဝေး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။