လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများသည် ၂၁၊၁၂၊၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ရေလဲတိုက်နယ်၊ ထုံးတပိုအုပ်စု၊ ရေလဲအုပ်စု၊ ပိုင်ကျုံအုပ်စု၊ လေးတူးအုပ်စု၊ အထွဋ်အုပ်စုတို့ရှိ တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ၎င်းဒေသတွင် နေထိုင်သူများအနေဖြင့် ပန်းတာ မခိုင်ခန့်မှုကြောင့် မိုးတွင်းကာလတွင် ရေဘေးဒုက္ခနှင့် ကြုံတွေ့ကြရကြောင်း၊ ယခုအခါ ပန်းတာပြင်ဆင်ရန် စီမံချက်ကျလာသော်လည်း ၎င်းတာအား မီခိုနေထိုင်ရသည့်ပြည်သူများအား ဖယ်ရှားပေးရန် အကြောင်းကြားလာကြောင်း၊ ဖယ်ရှားပေးရမည့်သူများအား နေရာအတည်တကျ ချထားပေးမှုမရှိကြောင်း တင်ပြဆွေးနွေးကြပါသည်။ DPNS လယ်သမားရေးရာကော်မတီခေါင်းဆောင်များက ၎င်းကိစ္စအား မည်သို့ဖြေရှင်းသင့်ကြောင်းကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လယ်သမားသမဂ္ဂနှင့် လယ်သမားအရေးဆောင်ရွက်သူများ စုစုပေါင်း ၂၀၀ခန့် တက်ရောက်ခဲ့ကြပါသည်။