၂၃၊ ၁၁၊ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးသို့ ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ မိတ်ဆွေများ လာရောက်လေ့လာခဲ့ကြပါရာ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များက လက်ခံတွေ့ဆုံ၍ မြန်မာ့ဒီမိုကရေစီရေး ဖြစ်ထွန်းမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။