လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးကို ၆၊ ၁၁၊ ၁၆ ရက်နေ့လည်က ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ရာ ပါတီဗဟိုဦးဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပါတီတည်ဆောက်ရေး၊ မဟာမိတ်ဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။