People in Need လောကအလင်းနှင့် European Partnership for Democracy တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်းဆိုင်ရာ အစီရင်ခံစာမိတ်ဆက်ဆွေးနွေးပွဲကိုကရင်ပြည်နယ် ဘားအံမြို့ ခွယ်ကဘောင်ခန်မ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။