ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆၊ ဩဂုတ်လ ၁၄ ရက်နေ့က မကွေးမြို့၊ ကပ်ကျော်ပညာပါရမီကျောင်း၌ ပြုလုပ်ခဲ့ရာ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် NNER၏ ပညာရေးမူဝါဒများကို ပြည်သူလူထုကြား၌ ပိုမိုသိရှိနားလည် လက်ခံလာနိုင်စေရန် တိုက်တွန်းနှိုဆော်သည့် သင်တန်းများပြုလုပ်ရာတွင် ကိုင်စွဲရမည့် သင်ရိုးညွှန်းတမ်းအခြေခံမူများကို ဆွေးနွေးခဲ့ကြပါသည်။ NNER လုပ်ငန်းအဖွဲ့နှင့် ပြည်နယ်-တိုင်း ကွန်ရက်များ၏ လက်ရှိအခြေအနေများ၊ အခက်အခဲများ၊ ဆောင်ရွက်ထားရှိချက်များကိုလည်း အသီးသီး တင်ပြခဲ့ကြပြီး အောက်တိုဘာ ၆ လပတ်အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ရန်ထားလိုအပ်သည့် အချက်အလက်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။