ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

July 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  

တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေး အစည်းအဝေး

တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရန် အစည်းအဝေးကို၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၈)ရက်နေ့တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီခန့်အထိ ကျင်းပခဲ့ရာ မျိုးဆက်အသီးသီးမှ သမဂ္ဂကျောင်းသားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
တက်ရောက်ဆွေးနွေးခဲ့ကြသော ၁၉၅၃-၂၀၁၇ ကျောင်းသားမျိုးဆက်များက တနိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ အားလုံးတွင် သမဂ္ဂ၏ တရားဝင်တည်ရှိမှုအား တစုံတရာ အာမခံချက် ရရှိပြီးမှသာ ကော်မတီဖွဲ့စည်းရေးအတွက် ကျယ်ပြန့်သည့် အစည်းအဝေးများ ပြုလုပ်ခြင်း က လက်တွေ့ကျပြီး ပိုမိုအကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဟု ၎င်းတို့အားလုံး၏ သဘောထားကို ဖေါ်ပြ ဆွေးနွေးခဲ့ကြသည်။