၂၀၁၉ အောက်တိုဘာ ၁၇။ ဆားလင်းကြီး။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးသည် အောက်တိုဘာ ၁၇ ရက်နေ့လည်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတွင် DPNS အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ ဒေသခံအမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပါတီခေါင်းဆောင်မှုအဆင့်ဆင့်နှင့် နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေးအပေါ် ပါတီ၏သဘောထားနှင့် အလေးအနက်ထားမှုကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဝါးစိမ်းတောင်အရေးအပါအဝင် ဒေသအခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။