လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇ ဒီဇင်္ဘာ ၁၀ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံကာ ဆားလင်းကြီးမြို့နယ်စည်းရုံးရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။