ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ၂၊ ၇၊ ၂၀၁၇ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၃ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။