Salween Institute for Public Policy နှင့် အမျိုးသမီးများဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေသည့် “ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ” မူဝါဒရေးရာစာတမ်း မိတ်ဆက်မျှဝေခြင်း အခမ်းအနားကို ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၅ ရက် နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ စာတမ်းပြုစုသူများက စာတမ်းပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ထိုစာတမ်းမိတ်ဆက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။