ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on April 2nd, 2016
ရဲဘော်မင်းနိုင် ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကျွေးအလှူဒါနကို ၂-၇-၂၀၁၆ ရက်နေ့က ကရင်ပြည်နယ်။ ဘားအံမြို့ ရဲဘော်မင်းနိုင်၏ မိသားစုနေအိမ်နှင့် ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်း ၃၅ ရပ်ကွက်ရှိ ရဲဘော်မင်းနိုင်၏ မိဘနေအိမ်တို့တွင် ပြုလုပ်ခဲ့ကြပါသည်။ ရန်ကုန်အိမ်သို့ ပါတီဋ္ဌာနချုပ်မှ အတွင်းရေးမှူး(၁) ဦးသီဟနှင့်အဖွဲ့ သွားရောက်ကူညီခဲ့ကြပြီး ဘားအံမြို့ မိသားစု နေအိမ်သို့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ၀င် ဦးတိုးတိုးထွန်းနှင့် ဈာပနကော်မတီဝင်များ သွားရောက် ၀ိုင်းဝန်းခဲ့ကြပါသည်။ နော်ဝေ၊ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာရောက် ရဲဘော်မင်းနိုင်၏ ရဲဘော်မိတ်ဆွေများထံမှ ပေးပို့လှူဒါန်း ထားသည့် အလှူငွေများကိုလည်း ဈာပနကော်မတီကိုယ်စား ဒေါ်နှင်းနှင်းမွှေးက မိသားစုလက်ဝယ်အရောက် စာရင်း နှင့်တကွ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ဘားအံရောက် ဋ္ဌာနချုပ်ရဲဘော်များသည် မိသားစုကို နွေးထွေးစွာ အားပေးနှစ်သိမ့်ပေးခဲ့ကြပြီး ၃။၇၊၂၀၁၆ ရက် နေ့ ညနေတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။
By DPNS INFORMATION, on March 30th, 2016
ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂလိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။
By DPNS INFORMATION, on March 29th, 2016
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုစည်းရုံရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ဘားအံမြို့နယ်စည်းရုံးရေးကော်မတီနှင့် ၁၄၊ ၃၊ ၁၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။
ဘားအံတွေ့ဆုံမှုတွင် ဗဟိုစည်းရုံရေးကော်မတီဝင် ဦးမင်းနိုင်၊ ဘားအံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင် အပါ အ၀င် မြို့နယ်စည်းရုံးရေးကော်မတီဝင်များက ဘာအံမြို့နယ်စည်းရုံးရေးအခြေအနေများ၊ ကရင်ပြည်နယ်အတွင်း အခြား မြို့နယ်များ၏စည်းရုံးရေးအခြေအနေများကို တင်ပြကြသည်။ ဖမ်းဆီးထိမ်းသိမ်းခံထားရသော ရဲဘော်ဇော်ရဲထက်၏ အမှု ဖြစ်စဉ်များနှင့် အခြေအနေတို့ကိုလည်း တင်ပြကြပါသည်။
ပါတီဥက္ကဋ္ဌနှင့် ဦးတိုးတိုးထွန်းတို့ကလည်း လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခြေအနေများ၊ ပါတီမှ ထိုအခြေအနေသစ် များအပေါ် ထားရှိသည့်သဘောထားများ၊ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ပြင်ဆင်ထားသင့်သည်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းဓါတ်ပုံ
By DPNS INFORMATION, on March 23rd, 2016 (၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ (မူကြမ်း) ၁။ ကယန်းပြည်သူတို့၏ ကယန်းအမျိုးသားထုတရပ်လုံးကို နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။ အမျိုးသားပေါင်းစည်းမှု အောင်မြင်ခြင်းအမှတ်အသားဖြစ်သည့် ကယန်းအမျိုးသားနေ့ အခါ သမယတွင် မိမိတို့ပါတီက ဤဂုဏ်ပြုသဝဏ်လွှာဖြင့် ၂။ ကယန်းအမျိုးသားပြည်သူတို့ သမိုင်းတလျှောက် စွဲမြဲခိုင်မာစွာ ကိုင်စွဲခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စံနစ် အကုန်အစင် ဖျက်သိမ်းရေး စသည့် ရပ်တည် ချက်များကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ပြည့်ပြည့်ဝဝ ထောက်ခံပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။ ၃။ ရှေ့ အနာဂတ်ကာလများတွင်လည်း မပြီးပြတ်နိုင်သေးသည့် လူမျိုးစုံအမျိုးသားပြည်သူတို့ လွတ်မြောက်ရေး၊ ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ် ပြည် ထောင်စုကြီး တည်ဆောက်ရေး စသည့် တာဝန်များ ပြီးပြတ်အောင်မြင်သည်ထိ မိမိတို့ပါတီသည် ကယန်းအမျိုးသားပြည်သူ တို့နှင့် အခိုင် အမာ သွေးစည်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ချစ်ကြည်စွာ ဖော်ပြလျက် ဤ သဝဏ်လွှာကို ပေးပို့ ဂုဏ်ပြု အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ (၁၀) ရက်။
By DPNS INFORMATION, on March 22nd, 2016
၂၀၁၆၊ မတ်လ ၂၂ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ စုဆုံပွဲတရပ်ကို ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။
စုဆုံပွဲသို့ ရန်ကုန်၊ မန္တလေး၊ ပဲခူးခရိုင်၊ မြင်းခြံခရိုင်၊ မုံရွာခရိုင်၊ ပခုက္ကူခရိုင်တို့မှ ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည် ခရိုင်ကွန်ရက်မှာမူ ရွှေတောင်မြို့ ၀ါးလည်ရွာတွင် ကျင်းပမည့် နှစ် (၁၄၀) ပြည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း မွေးနေ့ အခမ်း အနားကို ဦးဆောင် ကျင်းပ ရမည့်တာဝန်နှင့် အလုပ်များနေသည့်အတွက် ဤစုဆုံပွဲသို့ မတက်ရောက်နိုင်ခဲ့ပါ။
ပါတီသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တွင် အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်ပါသည်။ ကွန်ရက်တွင် ပါတီမှ ကိုယ် စားလှယ်၂ ဦး ပါဝင်ပြီး ယခုစုဆုံပွဲတွင် ပါတီကိုယ်စားလှယ်
By DPNS INFORMATION, on March 17th, 2016
၂၀၁၆ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တောင်သူလယ်သမားရေးရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ပါသည်။
တောင်သူလယ်သမားရေးနှင့် မြေယာကိစ္စရပ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ကြခြင်းဖြစ်သည်။
ကော်မတီအစည်းအဝေးကို ပါတီဋ္ဌာနချုပ်အတွင်းရေးမှူး(၁) ဦးသီဟထွဋ်ခင်နှင့် တောင်သူလယ်သမားရေးရာ ကော်မတီ တာဝန်ခံ ဦးသန့်စင်၊ ဒုတိယတာဝန်ခံ ဦးကျော်မိုးလှိုင်တို့က ဦးဆောင် ဆွေးနွေးပေးပြီး အသေးစိပ် လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားအရေးနှင့် မြေယာပြဿနာများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ကြုံတွေ့နေ ရသော အခက်အခဲများ၊ ထပ်မံကြုံတွေ့လာနိုင်သောအခက်အခဲများကို အကျယ်အပြန့် ဆွေးနွေးကြသည်။
တောင်သူလယ်သမားရေးရာကော်မတီက ချမှတ်ထားသော ၂၀၁၆ခုနှစ် လုပ်ငန်းစဉ် (၁၁) ရပ်အပေါ် မူတည်၍ လက်တွေ့ဆောင်ရွက်ကြရမည့် အသေးစိပ်လုပ်ငန်းစဉ်များကို
By DPNS INFORMATION, on March 16th, 2016
၂၀၁၆ခုနှစ် မတ်လ ၁၆ရက်၊ ၁၇ ရက်နေ့များတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တောင်သူလယ်သမားရေးနှင့် မြေယာကိစ္စရပ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူးဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေး ကော်မတီဝင်များ၊ ဒေသအသီးသီးတွင် တောင်သူလယ်သမားအရေးဆောင်ရွက်နေသည့် ပါတီဝင်ရဲဘော်များနှင့် ဖိလစ်ပိုင်နိုင်ငံမှ Active Citizenship Foundation (ACF) ၏ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် Mrs. Mary Claire နှင့် Mr. Arnold တို့က ဖိလစ်ပိုင်နိုင်ငံ၏ မြေယာသမိုင်းကြောင်း၊ တောင်သူလယ်သမားများနှင့် မြေယာပိုင်ဆိုင်မှု ပြဿနာများ၊ အစိုးရ၏ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လက်တွေ့ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများကို
By DPNS INFORMATION, on March 10th, 2016 ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁) နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။ ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။
By DPNS INFORMATION, on March 10th, 2016 ၁။ ပါတီအမည် – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၂။ ပါတီအမည် (English) – Democratic Party For a New Society ၃။ ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့ – ၁၇-၁၂-၂၀၁၃ ၄။ လာရောက်လျှောက်ထားစဉ်ပါတီအင်အား – (၂၁) ဦး ၅။ ပါတီလာလျှောက်ထားစဉ် ပါတီခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် – ဦးအောင်မိုးဇော်၊ ဦးမြင့်နိုင် (ခ) ခွန်ရဲသွေး ၆။ ပါတီတည်ထောင်ခွင့်ပြုသည့်နေ့ – ၁၂-၅-၂၀၁၄ ၇။ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့ – ၂၀-၅-၂၀၁၄ ၈။ ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့ – ၂၄-၁၀-၂၀၁၄ ၉။ ခွင့်ပြုသည့် ပါတီအမှတ်စဉ် – အမှတ်စဉ် ( ၇၇ ) ၁၀။ ခွင့်ပြုသည့်ပါတီအလံ
By DPNS INFORMATION, on March 10th, 2016
၁၀၊ ၃၊ ၂၀၁၆ ရက်နေ့ နံနက် ၁၀:၁၀ နာရီက လက်ပံတန်းမြို့ရှိ အောင်မြေဗိမာန်ကျောင်းတိုက်၌ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှုတစ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ အနယ်နယ် အရပ်ရပ်ရှိ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်များ၊နိုင်ငံရေးပါတီများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ နှင့် ၀န်းရံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ပါတီသည် အမျိုးသားပညာရေးဥပဒေတရပ် အခိုင်အမာ ထွက်ပေါ်လာရေး လှုပ်ရှားမှု တလျောက်လုံးတွင် တက်ကြွစွာ ပါဝင်ခဲ့သလို ကျောင်းသားများနှင့်ဝန်းရံပြည်သူများအပေါ် အကြမ်းဖက်ခြင်း၊ တရားမဲ့စွာ တရားစွဲဆိုနေခြင်းများအပေါ် ပြင်း ထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။
တစ်နှစ်ပြည့်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေး မှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ ပြည်ခရိုင်မှ ပါတီဝင်ရဲဘော်များ၊ ပြည်ခရိုင်
|