
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၇ မေလ ၇ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။
|
||
![]() “ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံ နောက်ဆုံးနေ့ကို ၆၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ုပြုလုပ်ခဲ့ပါသည်။ ပညာရေးစီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများတွင် လူထုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ESPBAE မှ Ms. Helen Dabu၊ Mr. Rene Raya နှင့် ဒေါက်တာသိန်းလွင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပညာရေးလုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေကြသည့် ပညာရှင်များက မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဌာနေတိုင်းရင်းသားပညာရေးနှင့် လူထုအခြေပြု ပညာရေးလုပ်ငန်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်နယ်ကျောင်းသားသမဂ္ဂများ၊ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒေသခံများ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ![]() “ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံ ဒုတိယနေ့ကို ၅၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ညီလာခံအဖွင့်အမှာစကားကို သဘာပတိ ဆရာကိုတာနှင့် မွန်ပြည်နယ် NNER မှ ဆရာဦးမြသွင်တို့က ပြောကြားခဲ့ကြပါသည်။ NNER ဆောင်ရွက်ချက်များကို ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ![]() SocDem Asia အစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် အားလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ၂၈၊၄၊၁၇ နေ့တွင် Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဝိမုတ္တိ၊ AJAR၊ ဖန်တီးအိမ်တို့မှ အမျိုးသမီးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ![]() ၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေးနေ့) အခမ်းအနားနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းအနားကို ၁၊၅၊၁၇ ရက်နေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အလုပ်သမားအခွင့်အရေးများအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည့် အလုပ်သမားရဲဘော်များအား အလေးပြု ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးကျော်မျိုးက အဖွင့်စကားပြောကြားပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အမှတ်တရစကား ပြောကြားပေးခဲ့ပါသည်။ ကိုကျော်ကိုကိုက မေဒေးနေ့သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီးနောက် ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊အမှတ်(၆) အလုပ်သမားထုအတွက် ထိုက်တန်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေး ရရှိရန် တိုက်ပွဲဝင်ခဲ့ကြသည့် ကမ္ဘာ့အလုပ်သမားတိုက်ပွဲနေ့ မေဒေး (၁၂ရ) နှစ်မြောက် အခမ်းအနားတွင် အလုပ်သမား သူရဲကေင်းအပေါင်းအား မိမိတို့ ပါတီက အလေးအမြတ် ဦးညွတ်လျှက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့သည် SocDem Asia အစီအစဉ်အရ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်တရပ်အား အကောင်အထည်ဖော်လျက်ရှိပါသည်။ ၎င်းအစီအစဉ်အရ ၂၉၊၄၊၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ Orchid Hotel ၌ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ Burma Monitor၊ Pen Myanmar၊ Civil Society Forum for Peace အစရှိသည့်အဖွဲ့အစည်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ![]() ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစောလွင်(ခ)ဦးဌေးအောင်(၆၄ နှစ်)၏ ဈာပနအခမ်းအနားကို ၂၈၊ ၄၊ ၁၇ ရက်နေ့ နံနက် ၇း၀၀ နာရီအချိန်တွင် ကယန်းပြည်သစ်ပါတီ ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးရှိ ကယန်းအမျိုးသားအာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုးနိုင် နှင့် ဗိုလ်မှူးကြီးစောလွင်၏ သားအကြီးဖြစ်သူ ကိုထွန်းသူအောင်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအ၀င် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် ၀မ်းနည်းကြောင်းသ၀ဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ ထို့နောက် ကယန်းပြည်သစ်တပ်မတော် ဂုဏ်ပြုတပ်ခွဲက သေနတ်ပစ်ဖောက်ဂုဏ်ပြု၍ ရုပ်ကြွင်းအိုးကို အခမ်းအနားဖြင့် ဂူသွင်း မြှုပ်နှံခဲ့ပါသည်။ |
||
Copyright © 2021 DPNS - All Rights Reserved.
|