ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on June 5th, 2017
SocDem Asia ၏ စီစဉ်မှုဖြင့် အားလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ၂၀၁၇၊ ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ SocDem Asia မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 4th, 2017
SocDem Asia ၏ စီစဉ်မှုဖြင့် အားလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို ၂၀၁၇၊ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 1st, 2017
၂၀၁၇၊ မေလ ၃၀ ရက်နေ့ည ၉း၀၀ နာရီတွင် ထုတ်လွှင့်ခဲ့သည့် VOA တိုက်ရိုက်လေလှိုင်းအစီအစဉ်မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ အင်တာဗျူး ( မေးမြန်းသူ ကိုသားညွန့်ဦး) Q – ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံအတွင်းမှာ အခြေအတင်ဖြစ်ခဲ့ရတဲ့ စကားရပ်တစ်ခုနဲ့ပတ်သက်ပြီး အခြေခံ ဆွေနွေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံအတငွ်းမှာ ပြည်ထောင်စုကနေပြီးတော့ ခွဲမထွက်ရဆိုတဲ့ အသုံးအနှုန်းပေါ်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တြွေကားမှာ အတော်လေးကို အခြေအတင် ဆွေးနွေးခဲ့ရပြီးတော့ နောက်ဆုံးမှာ ဘဘောတူညီချက်လည်း မရဘဲ ညီလာခံကို အဆုံးသတ်ခဲ့ရပါတယ်။ ဖွံဖြိုးပြီးတော့ ဒီမိုကရေစီရှင်သန်မယ့် ပြည်ထောင်စုတစ်ရပ် သဘောတူဖွဲစည်းကြဖို့ရာ ခွဲထွက်ခွင့်ရှိရမယ်ဆိုတဲ့ သဘောထားသင့်သလား။ ခမွဲထက်ွရဆိုတဲ့ အာမခံချက်ပဲ ထားသင့်သလား။ ဒီအသုံးအနှုန်းကို အလေးပေး ဆွေးနွေးနေခြင်းအားဖြင့်ရော လက်ရှိဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်ဖို့ တကယ်ပဲ ထိရောက်အသုံးတည့်ပါ့မလား။ ဒီအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးသုံးသပ်မှာပါ။ ဦးအောင်မိုးဇော် ခုနက ဒေါက်တာအေးမောင်ကတော့ ပြောသွားတာရှိပါတယ်။ ဦးအောင်မိုးဇော်ရဲ့ အမြင်လည်း သိချင်ပါတယ။် တစ်ဆက်တည်းပဲ ကျွန်တော်မေးချင်တာက ဒီခွဲမထွက်ရဆိုတဲ့ စကားလုံးနဲ့ ဒီကိစ္စကို အလေးပေးဆွေးနွေးနေ ခြင်းအားဖြင့်ရော ငြိမ်းချမ်းရေးရှေ့ဆက်ဖို့အတကွ် တကယ်တမ်း ထိရောက်အသုံးတည့်ပါ့မလား။ အဒဲါလေးပါ တစ်ဆက် တည်း ဖြေပေးပါ ဦးအောင်မိုးဇော်။ A – တစ်ခုလုံး နိုင်ငံရေးအခြေအနေအရ ကျွန်တော့်အမြင်ကို ပြောမယ်ဆိုရင် ဒီခွဲထွက်ခွင့်ရှိရေး၊ မရှိရေးအပေါ်မှာ တိုင်းရင်းသားအင်အားစုတွေအနေနဲ့ လက်ခံဖို့ခက်တဲ့ကိစ္စက ကနေ့တိုင်းပြည်ရဲ့ခေါင်းဆောင်မှုပေါ့နော်။ တပ်မတော်လည်း ပါမယ်၊ ကနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုတွေလည်း ပါမယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ တစ်ရာရာခိုင်နှုန်း ယုံကြည်မှုပေးဖို့ ခက်တဲ့အပေါ်မှာ ဒီခွဲထွက်ခွင့် သုံးရေး၊ မသုံးရေးဆိုတဲ့ကိစ္စဟာ ပြဿနာရှိလာတယ်လို့ ကျွန်တော့်အနေနဲ့ တော့ ယူဆတယ်။ ပင်လုံကိစ္စဖြစ်တဲ့အခါမှာ ခုနကလို ခွဲထွက်ခွင့်ကိစ္စကို တစ်စုံတရာ ကျွန်တော်တို့ ဒီတိုင်းပြည် အဲ့ဒီ ကာလက ခေါင်းဆောင်တွေက အသိအမှတ်ပြုခဲ့တယ်။ သို့သော်လည်းပဲ ချောချောမွေ့မွေ့ ပြီးသွားတယ်။ အဒဲါက ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော့်နားလည်မှုက အဲဒီကာလမှာရှိတဲ့ တိုင်းရင်းသားဘက်က ခေါင်းဆောင်တွေ အနေနဲ့ရော အဲဒီကာလမှာရှိတဲ့ အစိုးရကိုတာဝန်ခံတဲ့ ခေါင်းဆောင်တွေအနေနဲ့ရော တိုင်းပြည်လွတ်လပ်ရေးက ပထမ ဆိုတဲ့ စဉ်းစားမှုပါ။ ဒုတိယတစ်ခုက အဲဒီသူတို့ရဲ့နောက်ကွယ်မှာ ဘာအကျိုးစီးပွားမှ မရှိဘူး။ တိုင်းပြည်လွတ်လပ်ရေး ဆိုတာပဲ ရှိတယ်။ ဒီတစ်ခုအပေါ်မှာ အခြေခံတယ်လို့ ကျွန်တော်တော့ အဲဒီလိုယူဆတယ်။ ဒါက တစ်ချက်ပေါ့နော်။ ဒုတိယတစ်ချက်က ခု နှစ်ပေါင်း(၆၀-၇၀)ဖြစ်သွားပြီ။ တိုင်းရင်းသားအင်အားစုတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ကလည်း အဆက်ဆက်ပြောင်းသွားပြီ။ အဲဒီကြားမှာနဲ့ ကနေ့ ဗမာ့တပ်မတော်ကြားမှာ ဖြစ်တဲ့ ပဋိပက္ခကလည်း အရမ်း ကြီးသွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားမှုတွေ၊ စိတ်ခံစားမှုတွေ၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့၊ တစ်ဘက်နဲ့ တစ်ဘက်ရဲ့ မကျေလည်မှုတေကွလည်း အရမ်းကြီးသွားတယ်။ လောလောဆယ်မှာ ပြေလည်ဖို့တော်တော်ခက်တဲ့ အနေ အထားမှာ ရှိတယ်။ အဲလိုအခြေအနေမျိုးမှာတောင်မှ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသွားတဲ့အခါမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာတြွေကားမှာ တစုံတရာ ခြားနားထားတဲ့ တံတိုင်းကြီးက ပယ်ဖျက်သွားနိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။ အဲဒါ ဘာကိုပြောချင်လဲဆိုရင် (မဒမခ) မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (၁၉၈၈) နောက်ပိုင်းမှာ ပေါ်လာတယ်။ အဒဲီကာလတုန်းကဆိုရင် KNU မှာ ဆိုလည်း ဗိုလ်ချုပ်ကြီးစောဘိုမြတို့ ရှိတယ်။ KIO မှာဆိုလည်း ဥက္ကဋ္ဌ ဘရန်ဆိုင်းတို့ရှိတယ်။ မွန်ပြည်သစ်ပါတီမှာဆိုလည်း ဥက္ကဋ္ဌ နိုင်ရွှေကျင် တို့ရှိတယ်။ အဒဲီ ခေါင်းဆောင်ကြီးတွေပါတဲ့ ဒီလိုတပ်ပေါင်းစုအဖွဲ့အစည်းကြီးတွေမှာတောင်မှ အဲဒီတုန်းက (မဒမခ)ရဲ့ ရည်မှန်းချက်ထဲမှာ တစ်ခုက ဘာလဲဆိုတဲ့အခါကျတော့ ပြည်နယ်ပေါင်းစုပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ဖြစ်တယ်။ ကျွန်တော် ခံစားရတဲ့ ပြည်နယ်ပေါင်းစုပြည်ထောင်စုဆိုတာ ခုပြောနေတဲ့ ဖက်ဒရယ်ဆိုတာထက်တောင်မှ စဉ်းစားမယ်ဆိုရင် နည်းနည်း ပိုနိမ့်သလားလို့ ကျွန်တော်ခံစားရတယ်။ တိုင်းရင်းသားအင်အားစုတွေက ဗမာပြည်ထကဲ ခွဲမထွက်ပါဘူးဆိုတဲ့ သဘောတူညီမှု တစ်စုံတစ်ရာရှိတယ်။ အဲတုန်းကရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက အဲဒီခေတ်ကာလ နိုင်ငံရေး အခြေအနေပေါ်မှာ တစ်စုံတစ်ရာမျှော်လင့်ချက် ရှိခဲ့တယ်၊ တစ်စုံတစ်ရာယုံကြည်မှုရှိခဲ့တယ်ဆိုတာကို ပြတာပဲ။ ကနေ့ ကာလ နိုင်ငံရေးအခြေအနေပေါ်မှာ တိုင်းရင်းသားတွေဘက်က ယုံကြည်မှုတစ်စုံတစ်ရာ ကနေ့အခြေအနေကြီးပေါ်မှာ လျော့ကျသွားတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။
By DPNS INFORMATION, on May 26th, 2017
တိုးတက်သော မဟာမိတ်အဖွဲ့( Progressive Alliance)က ဦးဆောင်ပြုလုပ်သည့် ”မျှတ၍ ကြွယ်ဝသော ကမ္ဘာအတွက် လူမှုတရားမျှတရေးနှင့် အစဉ်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် ညီလာခံတရပ်ကို မွန်ဂိုးလီးယား ပြည်သူ့ပါတီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ ညီလာခံကို ၂၀၁၇၊ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် မွန်ဂိုလီးယားနိုင်ငံမြို့တော်၊ အူလန်ဘာတာမြို့၊ ရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် PA ၏ ကြိုးကိုင်ကော်မီတီဝင်တဦးအနေဖြင့် ညီလာခံတက်ရောက်ခဲ့ပါသည်။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း လေ့လာသူများအနေဖြင့် တက်ရောက်ခဲ့ကြပါသည်။ ညီလာခံသို့ သြစတြေးလျ၊ ကော်စတာရီကာ၊ ဂျော့်ဂျီယာ၊ ဂျာမဏီ၊ အင်ဒိုနီးရှား၊ အီရတ်၊ အစ္စရေး၊ မလေးရှား၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ နီပေါ၊ နယ်သာလန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ဆွီဒင်၊ အရှေ့တီမော၊ ဗြိတိန်တို့မှ မဟာမိတ်အဖွဲ့ဝင်ပါတီများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on May 24th, 2017
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇၊ မေလ ၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ MICC II ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
By DPNS INFORMATION, on May 24th, 2017
Challenges and Outlook to Social Democracy in Asia ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို အာရှ ဆိုရှယ်ဒီမိုကရေစီကွန်ရက်မှ ဦးဆောင်၍ မွန်ဂိုးလီးယားနိုင်ငံမြို့တော် အူလန်ဘာတာမြို့၊ ရှန်ဂရီလာဟိုတယ်တွင် ၂၀၁၇၊ မေလ၂၄ ရက်တွင် ကျင်းပပြုလုပ်လျက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမောတို့မှ ကွန်ရက်အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on May 20th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များသည် ၂၀၁၇၊ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များက ၎င်းတို့၏ ဆောင်ရွက်ထားမှုများ၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ပါတီခေါင်းဆောင်များကလည်း လိုအပ်ချက်များကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 12th, 2017
IRI က စီစဉ်ကျင်းပသည့် နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းကို ၁၂၊၅၊၁၇ ရက်နေ့တွင် ဘားအံမြို့ သီရိဘားအံဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံရေးပါတီများ၏ အခြေခံအုတ်မြစ် အားကောင်းခိုင်မာရေး၊ ရွေးကောက်ပွဲကြားကာလ လုပ်ငန်းစဉ်များ၊ ပါတီရုံးခွဲများ၏ လုပ်ငန်းများ၊ ပြည်သူဗဟိုပြု လုပ်ငန်းများ၊ မည်သို့မည်ပုံ ချဉ်းကပ်လုပ်ဆောင်မည့်အချက်များ၊ ပါတီတရပ် ရပ်တည်ရှင်သန်ကြီးထွားရေးနှင့် သက်ဆိုင်သောအချက်များ၊ မဲဆန္ဒရှင်များနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးလုပ်ငန်းများ၊ မဲဆွယ်ရေးလုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ လူ့ဘာင်သစ်ဒီမိုကရက်တစ်ပါတီ(ဘားအံမြို့နယ်) အပါအဝင် နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on May 11th, 2017
SocDem Asia ၏ စီစဉ်မှုဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံမှ ကိုမျိုးစော့ (လူ့ဘောင်သစ်လူငယ်)နှင့် ကိုစိုင်းလောင်ကွန်း( SNLD)တို့ တက်ရောက်လျက်ရှိပါသည်။ ၁၁၊ ၅၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဖိလစ်ပိုင်အောက်လွှတ်တော်သို့ သွားရောက် လေ့လာခဲ့ရာ အောက်လွှတ်တော်တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေပြုပုံအဆင့်ဆင့်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီကြား ဆက်ဆံရေး၊ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးအခြေအနေအကျဉ်းတို့ကို ရှင်းပြဆွေးနွေးပေးခဲ့ပါသည်။
By DPNS INFORMATION, on May 9th, 2017
မြန်မာပြည်သို့ အလည်အပတ်ခရီးထွက်လာကြသော ဆွီဒင်ကျောင်းသားလူငယ်များနှင့် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များသည်၉၊၅၊၁၇ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တွေ့ဆုံ၍ ပါတီ၏ ဖြတ်သန်းမှုသမိုင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေများအပေါ် အမြင်သဘောထားတို့ကို ဆွေးနွေးခဲ့ကြသည်။
|