ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

October 2020
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  

ပါတီ ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် လူ့ဘောင်သစ်လူငယ်အဖွဲ့ဝင်သစ်များ တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် လူ့ဘောင်သစ်လူငယ် အဖွဲ့ဝင်သစ်များသည် ယနေ့(၂၀၁၈၊ သြဂုတ်လ၊ ၂၅ရက်နေ့)နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက ပါတီ၏မူဝါဒများ၊ လက်ရှိလုပ်ဆောင်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပါတီနှင့်ပတ်သက်၍သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပါတီတာဝန်ရှိသူများက မေးမြန်းချက်များကို ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးသို့ တက်ရောက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပသည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်၊ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်နှင့် မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေး စီမံခန့်ခွဲရေးအဖွဲ့တာဝန်ခံ ဦးမျိုးဟန်တို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကို ၂၀၁၈၊ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ပါတီဗဟိုဦးဆောင်ကော်မတီနှင့် လူ့ဘောင်သစ်လူငယ်ဗဟိုလုပ်ငန်းကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင်များသည် ၂၀၁၈၊ သြဂုတ်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်လူငယ် လုပ်ငန်းကော်မတီဝင်များက ၎င်းတို့၏ လတ်တလောဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

ဖုယွင်အထည်ချုပ်အလုပ်သမားသမဂ္ဂ သပိတ်တိုက်ပွဲသို့ အလှူငွေပေးအပ်လှူဒါန်း

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ဖုယွင်အထည်ချုပ်အလုပ်သမားသမဂ္ဂ စတင်ထူထောင်သူ အယောက်( ၃၀ )အား လုပ်ငန်းရှင်မှ အကြောင်းမဲ့ အလုပ်မှ ထုတ်ပယ်ခဲ့ပါသည်။ ထိုကြောင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက မိမိတို့အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အလုပ်ပြန်လည်ခန့်အပ်ပေးရေးအပါအဝင် တောင်းဆိုချက် ၉ ချက်ဖြင့် ၂၀၁၈၊ သြဂုတ်လ၊ ၂၁ ရက်နေ့မှစတင်၍ သပိတ်မှောက်တောင်းဆိုခဲ့ကြပါသည်။ ယနေ့အချိန်ထိ အလုပ်ရှင်နှင့် ညှိနှိုင်းပြေလည်မှု မရှိသေးပါ။ သပိတ်မှောက်အလုပ်သမားများ လိုအပ်သည့်နေရာတွင် သုံးစွဲနိုင်ရေးအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်တို့က အလှူငွေ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ပါသည်။

အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈၊ သြဂုတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်၊ မြင်းခြံ၊ တံတားဦး၊ ပွင့်ဖြူ၊ ချောင်းသာ၊ ဆားလင်းကြီး အစရှိသည့်ဒေသများမှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဒေါ်နိုးနိုးထက်စံက ဦးဆောင်၍ ပါတီတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းစဉ်များအနက် တခုဖြစ်သည့် ပါတီ၏လုပ်ငန်းစဉ်အဆင့်ဆင့်တွင် လူငယ်နှင့် အမျိုးသမီးများ ပိုမိုပါဝင်လာရေးအပေါ် အခြေခံ၍ ကိုတာစနစ်ကို ဆွေးနွေးခဲ့ကြပါသည်။

ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲ

ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၁၈ ရက်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဆီဆုံကုန်းကျေးရွာအုပ်စု စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

DPNS ရဲဘော်ဟောင်း မသင်းသင်းအေး(ခ)မမီးမီး၏ စျာပနသို့ ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့

၂၀၁၈၊ ဩဂုတ်လ၊ ၁၈ ရက်နေ့တွင် ရေဝေးသုဿန်၌ ပြုလုပ်သည့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာဌာန ဒုတိယတာဝန်ခံ မသင်းသင်းအေး(ခ)မမီးမီး(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်ဟောင်း)၏ ဈာပနသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)က ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့ဂုဏ်ပြုခဲ့ပါသည်။

မြင်းခြံမြို့နယ် ကျောက်ကုန်းကျေးရွာ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၁၅ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီလိုလားထောက်ခံသူများ တက်ရောက်ခဲ့ကြပါသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသည့် ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းအားရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမှတ်တရ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ၊ ၁၂ ရက်နေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ပေးပို့လာသည့်သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလ သာကေတမြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။

DPNS အမျိုးသမီးလုပ်ငန်းကော်မတီ (WWC) အကြောင်း မိတ်ဆက်ပြောကြား

လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(Youth Empowerment School)တွင် တက်ရောက်လျက်ရှိသည့် ကျောင်းသူကျောင်းသားများအား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ (Women Worcking Committee) အကြောင်းကို WWC အကြံပေးဖြစ်သည့် ဒေါ်နှင်းနှင်းမွှေးက ၂၀၁၈၊ သြဂုတ်လ ၁၁ ရက်နေ့တွင် မိတ်ဆက်ပြောကြားပေးခဲ့ပါသည်။