စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး(၁၉၃၃-၂၀၁၉) ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ
|
||
စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး(၁၉၃၃-၂၀၁၉) ဈာပနအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ ![]() တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် တာဝန်အရှိဆုံးမှာ အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများပင်ဖြစ်ပြီး အစိုးရနှင့် တပ်မတော်တို့က ပထမဦးစွာ ဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ စတုတ္ထအကြိမ်မြောက် နှီးနှောဖလှယ်ပွဲက သဘောထား ထုတ်ပြန်သည်။ “ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး” ခေါင်းစဉ်များဖြင့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Best Western Green Hill Hotel တွင် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပပြီး အချက် ၉ ချက်ပါ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။ နှီးနှောဖလှယ်ပွဲသို့ UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီ ![]() တ တိုင်းပြည်၏ အကျိုးကို တည့်တည့်ကြည့်ကာ နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် တပ်မတော်ကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးပွဲက မေတ္တာရပ်ခံတိုက် တွန်းသည်။ UNA က ဦးစီးကာ ၎င်းတို့၏ မိတ်ဖက်အဖွဲ့များနှင့် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ စတုတ္ထအကြိမ် ပြုလုပ်သော ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၂၆ နှင့် ၂၇ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်း ၂၀ တက်ရောက်ခဲ့သည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် လက်ရှိတိုင်းပြည်၏ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် တပ်မတော်သည် နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် ခက်ခဲနေပါက မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင် ဆုတ်ခွာမည်ဖြစ်ကြောင်းကို အချိန်ဇယားအတိအကျဖြင့် ပြည်သူများအား ကတိပြုပြောကြားရန်လည်း ![]() တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ရန်ကုန်မြို့ Green Hill Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ENAC က လေ့လာပြုစုထားသည့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်၊ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်၊ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး၊ ပြည်နယ်လုံခြုံရေးဆိုင်ရာ လေ့လာမှုများ၊ စွမ်းအင်ဆိုင်ရာမူဝါဒ(မူကြမ်း) တို့အား တင်ပြခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင် ပါတီများ၊ UNA + ခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် မဆုပြည့်သော်တာ တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ![]() စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ဖေဖော်ဝါရီ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ကျင်းပခဲ့သည်။“ ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ပြီး ပထမရက်တွင် UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းညွန်လွင်နှင့် ဒုတိယရက်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ဇော်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်ပါတီများ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များက ဖယ်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။“ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်သည်။ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့၏ အဖွင့်အမှာစကားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားခဲ့ပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက် ပါတီများ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ ဆွေးနွေးပွဲတက်ရောက်ကြပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်သုံးခုဖြင့် အုပ်စုလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှုရလဒ်နှင့် စုစည်းရရှိချက်များကို အခြေခံ၍ ![]() IRI က စီစဉ်ပြုလုပ်သည့် political party academy ဆွေးနွေးပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က Green Hill Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတီများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့၏ အစည်းအဝေးကို ၂၀၁၉၊ ဖေဖော်ဝါရီ၊ ၂၁ ရက်နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်၏ ဆောင်ရွက်ထားရှိမှုများကို YNS အတွင်းရေးမှူး ကိုမျိုးစော့နှင့် ဥက္ကဋ္ဌ မအိသဉ္ဇာမောင်တို့က တင်ပြခဲ့ကြပြီး DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ၀ိုင်းဝန်း အကြံပြုဆွေနွေးခဲ့ကြပါသည်။ YNS ဗဟိုလုပ်ငန်းကော်မတီဝင်များနှင့် DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ အစည်းအဝေး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၃/၂၀၁၉ ကို ဖေဖော်ဝါရီ၊ ၂၁ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ရန်လုပ်ငန်းစဉ်များနှင့် လတ်တလောဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ |
||
Copyright © 2021 DPNS - All Rights Reserved.
|