လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာလ ၁၃ ရက်နေ့တွင် မြင်းခြံမြို့နယ် ဂင့်ဂဲ၊ ဥဒယ၊ စားကြူး၊ ကန်တော်ရွာများရှိ ကျေးလက်နေပြည်သူများထံသို့ ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပြည်သူ့အသံ၊ DPNS အသံ ဖြစ်စေရန်အတွက် ပြည်သူများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ဘဝအခြေအနေများကိုလည်း လေ့လာခဲ့ကြပါသည်။