ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By Shwe Yee, on June 3rd, 2019
“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်”ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် များသို့ ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းခရီးစဉ်မှ တွေ့ရှိချက်များအား ၂၇၊၆၊ ၂၀၁၉ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ပုံနှိပ်သတင်းမီယာများတွင် သတင်းစာ
၂၊ ဇွန်၊ ၂၀၁၉ နေ့တွင် ပြုလုပ်ကျင်းပသော ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် စကားဝိုင်းဆွေးနွေးပွဲ စံတော်ချိန် သတင်းဌာန၏ သတင်းဖော်ပြချက်
အခြေခံဥပဒေပြင်ဆင်ရေးတွင် ပူးပေါင်းပါဝင်ရန်နှင့် တစ်ပြည်လုံးအပစ်ရပ်စဲရေးဆောင်ရွက်ရန် တောင်းဆို
Mon, 2019-06-03 04:18, 7 Day News
တပ်မတော်သည် တိုင်း ပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်များ၌ ဆုပ် ကိုင်ပတ်သက်နေမှုများမှ အမြန် ဆုံးဆုတ်ခွာပြီး နိုင်ငံတော်၏ အ မျိုးသားလုံခြုံရေး၊ ကာကွယ်ရေး တာဝန်ကို နိုင်ငံတော်အစိုးရလက် အောက်တွင် ဂုဏ်သိက္ခာရှိရှိ တာ ၀န်ထမ်းဆောင်စေလိုကြောင်း နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အ စည်းများအပါအ၀င် အဖွဲ့အစည်း ၁၀၀ ကျော်က ကြေညာချက် ထုတ်ပြန်သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့ (UNA)အပါအ၀င် နိုင် ငံရေးပါတီများ၊ နိုင်ငံရေးအင် အားစုများနှင့် အရပ်ဘက်အဖွဲ့ များ စုစုပေါင်းအဖွဲ့အစည်း ၁၂၂ ဖွဲ့မှ
“စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်းကို ၂၀၁၉၊ ဇွန်လ၊ ၂ ရက်နေ့လည် ၁း၀၀ နာရီမှ ၄း၀၀ နာရီအထိ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၉၊ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဆက်အဖြစ် ကျင်းပခြင်းလည်းဖြစ်သည်။ ဤစကားဝိုင်းကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ UNA၊ မှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ UNDO၊ လူ့ဘောင်သစ်လူငယ်၊ SYCB၊ ကရင်အမျိုးသမီးအစည်းအရုံး၊ DPW၊ SDUF အစရှိသည့် အဖွဲ့အစည်းများက ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။ (၁) ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွါးနေသော စစ်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်စဲသွားစေရန်၊ (၂) စားပွဲဝိုင်းတွင်
2 June 2019 ၊ အကုန်သိသတင်းဌာန
ပြည်တွင်းစစ်ပွဲများရပ်တန့်သွားစေရန် ဖက်ဒရယ်စနစ်ကိုပါးစပ်ပြောဖြင့်ပေးနေမည့်အစားလက်တွေ့ပေးရန် လိုအပ်ကြောင်းတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရာမခရစ်သျှနာခန်းမ၌ ဇွန်လ ၂ ရက်က ပြုလုပ်သောရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် (စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရဆွေးနွေးအဖြေရှာ) နိုင်ငံရေးစကားဝိုင်းတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ “ သြဇာရှိတဲ့အာဏာရှိတဲ့၊ အင်အားကြီးတဲ့သူတွေဟာပိုပြီးတော့သဘောထားကြီးစွာနဲ့ စရပ်ဖို့ကြေညာရမယ်။ ဒီလိုပဲ ကျွန်တော်တို့ကတော့ ထပ်ပြီးတော့တောင်းဆိုရမှာပဲ။ နောက်တစ်ခုကအဖြေက ကျွန်တော်တို့ တွေ့တာကတော့ ဖက်ဒရယ်ပေးမယ်လို့ပြောနေတယ်။ ပါးစပ်နဲ့ပေးမနေနဲ့ တကယ်လက်တွေ့ပေးပစ်လိုက်၊ လက်တွေ့ပေးလိုက်ရင် အဲဒါဟာအဖြေပဲ။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ တိုင်းနဲ့ပြည်နယ်ကပုဂ္ဂိုလ်တွေကသူ့အလုပ်နဲ့သူလုပ်သွားလိမ့်မယ်။ ဖက်ဒရယ်အတွက် အခြေခံဥပဒေတွေ သူတို့ဆွဲကြလိမ့်မယ်။ နောက်ဆုံးမှာဖက်ဒရယ်ပြည်ထောင်စုရဲ့အောက်မှာအားလုံးကညီညွတ်ပြီးပေါင်းစည်းသွားလိမ့်မယ်” ဟုတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။
ရခိုင်အပါအ၀င်တိုင်းရင်းသားများမှ လက်နက်ကိုင်တိုက်ပွဲဝင်နေကြရခြင်း၏ အဓိကအကြောင်းအရင်းနှစ်ရပ်မှာဒီမိုကရေစီဆိတ်သုဉ်းခြင်းနှင့် အမျိုးသားတန်းတူခွင့်ကင်းမဲ့နေခြင်းတို့ကြောင့်ဖြစ်ကြောင်း (စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရဆွေးနွေးအဖြေရှာ) နိုင်ငံရေးစကားဝိုင်းမှ ပန်ကြားလွှာအရသိရသည်။ ၂၀၁၅ ခုနှစ်၊
Newsweek ၊ ၆၊ ဇွန်၊ ၂၀၁၉။ ကြာသပတေး
ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် သဘောထားကြီးစွာထားပြီး AA အဖွဲ့ကို တန်းတူအသိအမှတ်ပြုကာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသင့်ကြောင်း ရခိုင်ဒေသခံဖြစ်သူ ၀ံဖက်ဖောင်ဒေးရှင်း ရခိုင်ပြည်၏ အမှုဆောင်ဒါရိုက်တာ ခိုင်ကောင်းစံက ဇွန် ၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။
“ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်၊ စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ ယင်းနိုင်ငံရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူ ခိုင်ကောင်းစံက ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
“ကျန်းမာရေးနဲ့ ပညာရေးတွေမှာ
ဇွန်-၃၊ ၂၀၁၉
့ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ဆိုတဲ့နိုင်ငံရေး စကားဝိုင်းတစ်ရပ်ကို မနေ့ က ဇွန် ၂ရက်က ကျင်းပခဲ့ ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေအပါအဝင် ရခိုင်ဒေသမှာ စစ်ပွဲတွေရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာနိုင်ဖို့  ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။
ဆွေးနွေးပွဲမှာတော့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေဖြစ်တဲ့ ဥပဒေပညာရှင် ဦးကြီးမြင့်၊ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုး ၊ SNLD ရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့် ၊ ဝံလက်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံတို့ က ဝင်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပိုင်းကို နှစ်ပိုင်းခွဲကျင်းပခဲ့ပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်းကို တော့ ဆွေးနွေးသူတွေက တစ်ဦးကို
Mon, 2019-06-03 04:18, စံတော်ချိန်သတင်းစာ
ရခိုင်ပြည်နယ် မြောက်ဦးဒေသ ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ကြေညာ ပေးရန် အပါအ၀င် တစ်ပြည်လုံးရှိ စစ်ရေးလှုပ်ရှားမှုများအား ရပ်ဆိုင်း ပေးရန် နိုင်ငံရေးပါတီများနှင့် အရပ် ဘက်အဖွဲ့အစည်းများ ပါဝင်သော အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ဇွန် ၂ရက်တွင် တောင်းဆိုလိုက်သည်။
”ရခိုင်အရေးသည် ပြည်ထောင် စုအရေးဖြစ်သည်၊ စစ်ပွဲများချက်ချင်း ရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ”ဟူသောခေါင်းစဉ်ဖြင့် နိုင်ငံရေးစကား ၀ိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အဖွဲ့အစည်း ပေါင်း ၁၀၀ ကျော်၏ ပူးတွဲသဘော ထားထုတ်ပြန်ကြေညာချက်ကို ဖတ်
By Shwe Yee, on June 2nd, 2019
၂၀၁၉၊ ဇွန် ၂၀၊ မြောက်ဦး။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် အဖွဲ့ဝင်များ သည် ၂၀၊ ၆၊ ၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်းနှင့် မြို့သစ်ဘကကျောင်းတို့ ရှိ စစ်ရှောင်စခန်းများသို့ သွားရောက်ခဲ့ကြပါသည်။ စခန်းတာဝန်ခံဆရာတော်များနှင့် စစ်ဘေးဒုက္ခသည်များ က ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် စားသောက်နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးအခက်အခဲများ၊ ဘောင်းဒွတ်ကျေးရွာအတွင်း လက်နက်ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားများ ထိခိုက် သေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေများကို ရှင်းပြခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်များ နှင့် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဝင်များက မြောက်ဦးဒေသ၏ ထူးခြားချက်များ၊ မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ၀င်နိုင်စေရန် ကြိုးစားဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်
By Shwe Yee, on June 2nd, 2019
၂ဝ၁၈ ဒီဇင်ဘာကနေ ၂ဝ၁၉ ဧပြီလကုန်အထိ မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲပေါင်း ၁၅၂ကြိမ် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ၁ဝ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
ကမာရွတ်မီဒီယာ ၂၇၊ ဇွန၊ ၂၀၁၉။
ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်ဆိုတဲ့ လေ့လာရေးခရီးစဉ်
ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်ဆိုတဲ့ လေ့လာရေးခရီးစဉ် (News Video)၂ဝ၁၈ ဒီဇင်ဘာကနေ ၂ဝ၁၉ ဧပြီလကုန်အထိ မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲပေါင်း ၁၅၂ကြိမ် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ၁ဝ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
Posted by Kamayut Media on Friday, 28 June 2019
Page 20 of 36« First«...10...1819202122...30...»Last »
|