ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By Shwe Yee, on June 28th, 2019
■ ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀၀ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်၊ AA နဲ့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဇင်မာဝင်း က စုစည်းတင်ပြထားပါတယ်။
Photo: Min Thein Aung/ RFA
(ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်)
တပ်မတော် နဲ့ AA တို့ တိုက်ပွဲတွေရပ်တန့်ဖို့ နိုင်ငံတော်သမ္မတဖြေရှင်းပေးဖို့ တောင်းဆို
တပ်မတော် နဲ့ AA
၂၀၁၉၊ ဇွန်လ၊ ၂၄-၂၇။ ရန်ကုန်
DIPD က စီစဉ်ကျင်းပသည့် ပြောဆိုဆွေးနွေးခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ပါတီစုံအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့၊ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် နှစ်ဦးက ပါတီတွင်း သို့မဟုတ် ပါတီအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရေး၊ ပိုမိုကောင်းမွန်ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်း တက်ရောက် ဆွေးနွေးခဲ့ပါသည်။
၂၀၁၉၊ ဇွန်လ၊ ၂၅-၂၇။ ရန်ကုန်
DIPD က စီစဉ်ကျင်းပသည့် ပါတီတွင်းအမျိုးးသမီးများ၏ ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့၊ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ပညာရှင်နှစ်ဦးက ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများ၊ ပါတီတွင်း ကောင်းမွန်သောဆက်ဆံမှု တည်ဆောက်ရေး၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို ဖြေရှင်းခြင်း အစရှိသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်မေဖြူဆွေ နှင့် ရုံးအဖွဲ့မှူး မရွှေရည်လင်းထင်တို့ တက်ရောက်ခဲ့ကြပါသည်။
ရန်ကုန် – ဇွန် ၂၇ “စစ်ပွဲဖြစ်လိုက်တိုင်း သူတို့ သုံးလိုက်တဲ့ အသုံးအနူန်း နောက်ဆက်တွဲ စစ်ဆေးတယ်၊ ဖမ်းဆီးတယ် ရိုက်နှိက်တယ် အကုန်လုံးဟာ ပြည်သူတွေခံရတာက ဒီဟာ ဘယ်သူတွေလဲ သူတို့ကို နှိပ်စက်တာ ဘယ်သူတွေလဲ ဘယ်သူတွေက အကြမ်းဖက်လဲဆိုတာမျိုး ပြည်သူတွေက ကျန်တော်တို့ကို မေးလာတယ်”
Local News 27/6/2019
သောင်းကျန်းသူက ဘယ်အဖွဲ့အစည်းလဲဟု ရခိုင်ပြည်သူများ ပြန်လည် မေးခွန်းထုတ်ရန်ကုန် – ဇွန် ၂၇"စစ်ပွဲဖြစ်လိုက်တိုင်း သူတို့ သုံးလိုက်တဲ့ အသုံးအနူန်း နောက်ဆက်တွဲ စစ်ဆေးတယ်၊ ဖမ်းဆီးတယ် ရိုက်နှိက်တယ် အကုန်လုံးဟာ ပြည်သူတွေခံရတာက ဒီဟာ ဘယ်သူတွေလဲ သူတို့ကို နှိပ်စက်တာ ဘယ်သူတွေလဲ ဘယ်သူတွေက အကြမ်းဖက်လဲဆိုတာမျိုး ပြည်သူတွေက ကျန်တော်တို့ကို မေးလာတယ်”ရုပ်သံဖိုင်ကြည့်ရှုရန်-
Posted by Channel FFE on Thursday, 27 June 2019
——- အကုန်သိ သတင်းဌာန —— AA လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိတွေ့မှုဖြစ်ပွားနေတဲ့ နေရာတွေမှာ အင်တာနက်ဖြတ်တောက်လိုက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အခုလို ပြောခဲ့ပါတယ်။
တည်းဖြတ်- ကျော်ကြားဟိန်း
AA လက်နက်ကိုင်အဖွဲ့ရှိတဲ့နေရာမှာ အင်တာနက်ဖြတ်တောက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ဆို
AA လက်နက်ကိုင်အဖွဲ့ရှိတဲ့နေရာမှာ အင်တာနက်ဖြတ်တောက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ဆို——- အကုန်သိ သတင်းဌာန ——AA လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိတွေ့မှုဖြစ်ပွားနေတဲ့ နေရာတွေမှာ အင်တာနက်ဖြတ်တောက်လိုက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အခုလို ပြောခဲ့ပါတယ်။တည်းဖြတ်- ကျော်ကြားဟိန်းYoutube >>>https://youtu.be/7dfDnm0tJFU
Posted by AKonThi on Thursday, 27 June 2019
By Shwe Yee, on June 27th, 2019
၂၀၁၉၊ ဇွန်၊ ၂၇။ ရန်ကုန်မြို့။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်”ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များသို့ ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သွား ရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင် သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းလေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ ခရီးစဉ်မှ ပြန်လည်ရောက်ရှိပြီးနောက် ဇွန်လ ၂၇
By Shwe Yee, on June 27th, 2019
ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ
Posted by Students and Youth Congress of Burma – SYCB on Thursday, 27 June 2019
By Shwe Yee, on June 27th, 2019
ရခိုင်အရေး သမ္မတကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ပေးဖို့ နိုင်ငံရေးအင်အားစုတွေတိုက်တွန်း
၂၇၊ ဇွန်၊ ၂၀၁၉။ Channel B
ရခိုင်အရေးသမ္မတကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ပေးဖို့ နိုင်ငံရေးအင်အားစုတွေတိုက်တွန်း
ရခိုင်အရေး သမ္မတကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ပေးဖို့ နိုင်ငံရေးအင်အားစုတွေတိုက်တွန်း
Posted by Channel B Media Group on Thursday, 27 June 2019
By Shwe Yee, on June 23rd, 2019
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် SYCB ၏ ဖိတ်ကြားချက်အရ DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးတိုးတိုးထွန်းသည် SYCB လူငယ်လေ့ကျင့်ရေးစင်တာသို့ သွားရောက်၍ ၂၂၊ ၆၊ ၂၀၁၉ နေ့တွင် “လက်ရှိနိင်ငံရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၃၊ ၆၊ ၂၀၁၉ တွင် “ရွေးကောက်ပွဲဆိုင်ရာနှင့် ၂၀၂၀ အလားအလာ”ခေါင်းစဉ်ဖြင့်လည်းကောင်း သွားရောက်ဆွးနွေးခဲ့ပါသည်။
By Shwe Yee, on June 22nd, 2019
၂၂၊ ၆၊ ၂၀၁၉။ House of Orchid၊ ရန်ကုန်။
ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ တောင်သူလယ်သမားအစုအဖွဲ့က စီစဉ်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၏ မြေအသုံးချမှုဆိုင်ရာ ဆွေးနွေးအမြင်ဖလှယ်ပွဲကို ရန်ကုန်မြို့၊ House of Orchid တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဆရာဦးမြင့်သွင်က မြေယာမူဝါဒနှင့် ဆက်စပ် မြေယာဥပဒေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆွေးနွေးပွဲတက်ရောက်လာသူများကလည်း ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ အားကောင်းလာစေရန် လုပ်ဆောင်သင့်သည့်အချက်များနှင့် ကော်မတီအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ ဦးနိုင်လွင်ချိုနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ဓာတ်ပုံ – EPDP
Page 17 of 36« First«...10...1516171819...30...»Last »
|