ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

September 2020
M T W T F S S
 123456
78910111213
14151617181920
21222324252627
282930  

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဦးငွေလင်းဗဟိုအလုပ်မှုဆောင်ကော်မတီ

ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်နည်းနည်းလေး တင်ပြချင်ပါတယ်။ ပြည်တွင်းစစ် ဒီလောက်ထိရှည်ကြာနေတာ ဘာကြောင့်လဲဆိုတဲ့ အချက်မှာ ဒီမိုကရေစီဆိတ်သုန်းတာနဲ့ အမျိုးသားတန်းတူခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ကင်းမဲ့တာကြောင့်ဖြစ်ပါတယ်။ အဲတာ တွေနဲ့ ပတ်သက်ပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အစိုးရအဆက်ဆက်က တိတိကျကျဘာမှမလုပ်ခဲ့ပဲနဲ့ အကုန် အတုအယောင်တွေကြီးပဲလုပ်ခဲ့တယ်။ ဒီဘက်ခေတ် ဒီမိုကရေစီအကူးအပြောင်းခေတ်မှာ ရှိတဲ့အစိုးရ တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးနည်းနည်းရှေ့ရောက်လာတယ်လို့ ပြောလို့ရတယ်။ သို့ပေမဲ့ လိုအပ်ချက်တွေက အများကြီးပဲ ဒါကြောင့်မို့ စစ်ပွဲတွေက ဆက်ဖြစ်နေတယ်။ အထူးသဖြင့်ဆိုရင်တော့ ရခိုင်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေက တော်တော်ကြေကွဲစရာကောင်းတဲ့စစ်ပွဲတွေဖြစ်ပါတယ်။ ဒီစစ်ပွဲတွေရဲ့အကျိုးဆက်ကြောင့် အမုန်းတရားတွေ အာယာတတွေ အမျိုးသားသွေးစည်းညီညွှတ်မှု ပြိုကွဲမှုတွေ ယုံကြည်ကင်းမဲ့မှုတွေဖြစ်လာနိုင်တယ်။ မြန်နိုင်သမျှအမြန်ရပ်တန့်ဖြစ်ဖို့လိုတယ်။ ဖြေရှင်းပစ်ဖို့လိုတယ်။ အဲအချိန်မှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဒေါ်နှင်းနှင်းမွှေးတွဲဖက် အထွေထွေအတွင်းရေးမှုး- ၁

ပညာရေးဆိုတာဟာ အခွင့်ထူးခံတွေအတွက်နဲ့ မဟုတ်ဘဲနဲ့ အားလုံးအကြုံးဝင်တဲ့ ပညာရေးစနစ်တစ်ရပ် ဖြစ်ဖို့လိုအပ်တယ်လို့ ကျွန်မတို့ကယူဆတယ် လွတ်လပ်တဲ့တန်းတူညီမျှတဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးတစ်ရပ်ကို ကျွန်မတို့က မလဲမသွေတည်ဆောက်ရမှာဖြစ်ပါတယ်ကျောင်းစာသင်ခန်းပြင်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေ ကြတဲ့ကလေးသူငယ်တွေ ပညာရေးစနစ်သင်ကြားနိုင်ဖို့အတွက်ကို ကူညီပံ့ပိုးမှုများအပါအဝင် ဥပဒေများပြဠာန်းပေးဖို့လိုအပ်တယ် ပညာရေးပြုပြင်ပြောင်းလဲမှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍ ကနေပါဝင်နေကြတဲ့ဆရာ၊ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လုပ်ခလစာတွေတိုးမြင့်ပေးဖို့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပညာရေးအသုံးစရိတ်ကို ၈ ရာခိုင်နှုန်းကျော် သုံးစွဲနေရာကပြီးတော့၂၀ ရာခိုင်နှုန်း တိုးမြင့်သုံးဆွဲနိုင်ဖို့ ကျွန်မတို့ ဆောင်ရွက်ပေးရမယ် အလုပ်အကိုင်အခွင့်အလမ်း လိုအပ်နေတဲ့လူငယ်များအတွက်ကို အသက်မွေးဝမ်းကြောင်း ပညာသင်ကြောင်းတွေကို ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့လိုအပ်တယ်။ စာသင်ကျောင်းတွေဟာ ကျောင်းသားဆရာမိဘများအတွက် ကိုယ်စိတ်နှစ်ပါးလုံခြုံ ဖို့အင်မတန်အရေးကြီးတဲ့အတွက်မို့လို့ covid-19 ကူးဆက်ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလမှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဦးသီဟထွဋ်ခင်အထွေထွေအတွင်းရေးမှုး

ဖက်ဒရယ်ဆိုတာကို ဖြည့်ပြောချင်တာဖြစ်ပါတယ် ဒါကရှေ့မျိုးဆက်စီက ကျွန်တော်တို့လက်ဆင့်ကမ်းပြီးတော့ ခံယူခဲ့တဲ့ စိတ်ကူးအိမ်မက် တန်ဖိုးထားမှု တစ်ခုလို့ဆိုရမှာပါ ဒီနိုင်ငံကိုနိုင်ငံတော် တစ်ရပ်အဖြစ်စပြီးတော့အခြေ သယ်ခဲ့တဲ့ခေါင်းဆောင်တွေစီကနေ လက်ဆင့်ကမ်းလာတာလဲဖြစ်ပါတယ် ဒါကိုလက်တွေ့အကောင်ထည်ဖော်ဖို့အတွက် မျိုးဆက်တွေနဲ့ချီပြီး ဘဝတွေအသက်တွေရင်းပြီးတော့ အားထုတ်ခဲ့ကြတယ် ကြိုးပမ်းခဲ့ကြတယ် ဒါပေမယ့် အခုလူငယ်မျိုးဆက်သစ်တွေစီကြတော့ ဒါကိုအလေးပေးတန်ဖိုးထားမှုတွေက လျော့သွားတာတွေရတယ် သူတို့တိမ်းညွတ်မှုက ကွန်ဖက်ဒရေးရှင်းတို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတို့ဖြစ်သွားပြီး ဒါဟာသမိုင်းလက်တွေ့ က စိတ်ပျက်ဝမ်းနည်းစရာကောင်းအောင် သင်ကြားလိုက်တဲ့ သင်ကြားချက်တွေကြောင့် ရုပ်တိနည်းကြလူငယ်တွေပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒါကိုပြန်ပြင်ဖို့ဆိုရင် ကျွှန်တော်တို့ နိုင်ငံရေးအင်အားစုအားလုံးမှာ တာဝန်သေသေချာချာရှိတယ် ဒီအလားအလာဆိုးလက်က မျိုးဆက်တွေကို ဆယ်တင်ဖို့ဆိုရင် ဒီနိုင်ငံကိုဦးဆောင်ဦးရွက်ပြုပြီးတော့စီမံခန့်ခွဲနေသူတွေက တာဝန်အရှိဆုံး လို့ပြောချင်တယ် ဒါကိုကျွန်တော်သတိပေးချင်တာဖြစ်တယ်။

ဦးသီဟထွဋ်ခင်အထွေထွေအတွင်းရေးမှုးလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဦးတိုးတိုးထွန်း တွဲဖက်အထွေထွေအတွင်းရေးမှုး ၂

ကျွန်တော်တို့ မကြာခင်မှာမြန်မာနိုင်ငံဟာ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုမှတ်တိုင် တစ်ခုကို ဖြတ်သန်းကြရမှာဖြစ်တယ်။

အဲ့လိုဖြတ်တဲ့အခါမှာ ရွေးကောက်ပွဲဆိုတာဘာလဲ ရွေးကောက်ပွဲတွေဟာ ကျွန်တော်တို့ဘာတွေရခဲ့လဲ အခုထပ်ဖြတ်မယ့်ရွေးကောက်ပွဲတွေကနေပြီးတော့မှ ကျွန်တော်တို့ ဘာတွေကို ဆုပ်ကိုင်မိအောင်လုပ်မလဲဆိုတာ အရေးကြီးတယ်။အဲ့တော့ရွေးကောက်ပွဲဆိုတာဟာ ကျွန်တော်တို့ ဒီမိုကရေစီ ဖြစ်ထွန်းမှုမှာ မှတ်တိုင်ဖြစ်ပြီးတော့ လူထုလိုက်ပါမှုအားအကောင်းဆုံးသော တိုက်ပွဲပုံစံတစ်ခုဖြစ်တယ်။ ရွေးကောက်ပွဲတွေက အာဏာရှင်အဟောင်းနဲ့ အသစ်တွေရဲ့တိုက်ပွဲမဟုတ်ဘူး။ပြီးခဲ့တဲ့ရွေးကောက်ပွဲ တွေကိုပြန်ကြည့်တဲ့အခါမှာ ရွေးကောက်ပွဲတွေကနေပြီးတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး လူ့အခွင့်ရေး ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး တွေကအခုထက်ထိ မသယ်ဆောင်သေးဘူးဖြစ်တယ်။ကျွန်တော်တို့အခုလက်ရှိ ထပ်ပြီးရင်ဆိုင်ရမယ့် ရွေးကောက်ပွဲတွေကတော့ ကျွန်တော်တို့တိုင်းပြည်အတွက် တကယ်စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရ စစ်မှန်တဲ့လူထုအဖွဲ့တွေ လူထုကိုယ်စားလှယ်တွေ အနာဂတ်ကိုတိုင်းပြည်အကျိုး လူထုအကျိုးအတွက်ဖန်တီးပေးနိုင်မဲ့ လူပုဂ္ဂိုလ်တွေရွေးချယ်ပေးရမယ် အဖွဲ့အစည်းတွေ ပါတီတွေကိုရွေးချယ်ပေးရမယ်။

အဲဒီကနေပြီးတော့မှ တိုင်းရင်းသားအားလုံးလူမျိုးပေါင်းစုံပါတဲ့အနာဂါတ်ဖယ်ဒရယ်ပြည်ထောင်စုကို

ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း

ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း/၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။

စာအမှတ် ၊ ၊ ဌနခ / ဗအန / ၂၀၂၀ / ၆။ရက်စွဲ ၊ ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။

ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း

စာအမှတ် ၊ ၊ ဌနခ / ဗအန / ၂၀၂၀ / ၆။ရက်စွဲ ၊ ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မပြီးဆုံးသေးသည့် ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဆက်လက်သယ်ဆောင် ရုန်းကန်ကြရေး နည်းလမ်းတစ်ရပ်အဖြစ် ၂၀၂၀၊ နိုဝင်္ဘာ (၈) ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် “ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဒေါ်နိုးနိုးထက်စံဒု-ဥက္ကဋ္ဌ

မြန်မာနိုင်ငံဟာအနှစ်သာရရှိတဲ့ ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့(၁)လက်နက်ကိုင် ပဋိပက္ခကိုချုပ်ငြိမ်းပေးနိုင်တယ်(၂)အချက်ကတန်းတူရေးကိုဖော်ဆောင်ပေးနိုင်တယ် (၃)အချက်ကသွေးစည်းညီညွတ်ရေးကိုဖော်ဆောင်ပေးနိုင်တယ် နောက်ဆုံးအချက်ကတော့ ကျမတို့လိုလားတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု လို့ပြောတဲ့အခါမှာလဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက ရှင်းရှင်းလင်းလင်းရှိဖို့ လိုတယ်အဲ့လိုရှင်းရှင်းလင်းလင်းရှိဖို့ဆိုတာကတော့ ဆွေးနွေးရမှာဖြစ်တယ် အဲ့လိုဆွေးနွေးတဲ့အခါမှာတော့ ဂတိကဝတ်တွေကို ယုံကြည်မူရှိရှိနဲ့ တည်ဆောက်တာ ဖော်ဆောင်လုပ်ဖို့ လိုတယ်အဲ့တာက ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စုရဲ့အနှစ်သာရ အက္ခရာကျတဲ့ကိစ္စရပ်ဖြစ်တယ်။ဒေါ်နိုးနိုးထက်စံဒု-ဥက္ကဋ္ဌလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဦးအောင်မိုးဇော်ဥက္ကဋ္ဌ

”လွတ်လပ်မှု ၊ တန်းတူမှု ၊ သွေးစည်းညီညွတ်မှု” ဆိုတဲ့ နိုင်ငံရေးတန်ဖိုးတွေက ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က အသေအချာကိုဆုပ်ကိုင်ပြီးတန်ဖိုးထားတဲ့ တန်ဖိုးတွေဖြစ်ပါတယ်။လွတ်လပ်မှု ရှိမှ တန်းတူမှုရှိမှ ကျွန်တော်တို့တောင်းဆိုနေတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို တည်ဆောက်သွား နိုင်မှာဖြစ်သလို လွတ်လပ်မှုမဲ့ရင် တန်းတူမှုမဲ့ရင် ကျွန်တော်တို့တောင်းဆိုနေတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း ဆိုတာကလည်းဘဲ အဓိပ္ပါယ်မဲ့မှာဖြစ်ပါတယ်။ဒီလိုလွတ်လပ်မှုတွေ ဒီလိုတန်းတူညီတူရှိမှုတွေကို ရရှိခံစားနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် သွေးစည်းညီညွတ်ပြီးတော့ အတူတကွတိုက်ပွဲဝင်ကြရမယ် ၊ အတူတကွရုန်းကန်ကြရမယ်ဖြစ်တယ်လို့ ကျွန်တော်တို့အခိုင်အမာ ယုံကြည်ပါတယ်။ဦးအောင်မိုးဇော်ဥက္ကဋ္ဌလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန

၂၀၂၀၊၂၉ ၊ မေ၊ ပုသိမ်။

ပါတီကိုယ်စား ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးမောင်မောင်ကြီးက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းနေစဉ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၂၉ ရက်နေ့တွင် COVID-19 ကာကွယ်ရေး စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသည့် Volunteer Team- Patheinအတွက် PPE ဝတ်စုံ ၁၀ စုံကို ပါတီကိုယ်စား ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးမောင်မောင်ကြီးက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန ၂၀၂၀၊ မေ၊ ၈။ တောင်ကြီး။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၈ ရက်နေ့တွင် COVID-19 ကာကွယ်ရေး စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသည့်တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် PPE ဝတ်စုံ ၁၀ စုံကို ပါတီကိုယ်စား လူ့ဘောင်သစ်လူငယ် မဆုပြည့်သော်တာက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန မြစ်ကြီးနား

၂၀၂၀၊ မေ၊ ၅-၆၊ မြစ်ကြီးနား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၅ ရက်နေ့တွင် Kachin state Covid 19 Prevention Network သို့ PPE ၄ စုံ၊ မေလ၊ ၆ ရက်နေ့တွင် အထွထွေရောဂါကုဆေးရုံကြီး (မြစ်ကြီးနား) သို့ PPE ၆ စုံ ပေးပို့လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။