ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

January 2021
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031

အမျိုးသားညီညွတ်ရေးအပေါ်သဘောထား

ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ရန်ကုန်တိုင်း ပါတီကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး

၁၁၊ ၁၊ ၂၀၂၁။ ရန်ကုန်။

ရန်ကုန်တိုင်းပါတီကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ဇန်န၀ါရီ ၁၁ ရက် နေ့လည် ၁း၀၀ နာရီတွင် ဗိုလ်တထောင်မြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁)၊ ဦးငွေလင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်)နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်း ညှိနှိုင်းအစည်းအဝေးတွင် ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ဗဟိုကော်မတီအစည်းအဝေး၏ ရန်ကုန်တိုင်းနှင့် ပတ်သက်၍ စဉ်းစားချက်များ၊ ရည်မှန်းချက်များနှင့် တာဝန်ပေးအပ်မှုများကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ရန်ကုန်တိုင်းတာ၀န်ခံ ဦးငွေလင်းက ခိုင်မာအားကောင်းသည့် ရန်ကုန်တိုင်းပါတီကော်မတီ တည်ဆောက်သွားရေးအတွက် စဉ်းစားထားချက်(မူကြမ်း)ကို မိတ်ဆက်တင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ ရဲဘော်များက ဝိုင်းဝန်းဆွေးနွေးခြင်း၊ အတည်ပြုခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး လတ်တလော ဆောင်ရွက်ရန်လုပ်ငန်းများ

ဖဲကြိုးဖြူလှုပ်ရှားမှု ဒုတိယနေ့နိုဝင်ဘာ၊ ၂၆၊ ၂၀၂၀။

အမျိုးသမီးများအား အကြမ်းဖက်မှုရပ်တန့်ရေး လှုပ်ရှားမှု (ဖဲကြိုးဖြူလှုပ်ရှားမှု)ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်၍ (၁၆) ရက် လှုပ်ရှား ဆောင်ရွက်နေပါသည်။ဒုတိယနေ့အဖြစ် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်အချို့နှင့်အတူ လူငယ်စွမ်းရည်မြှင့်တင်ရေး နိုင်ငံရေးသင်တန်းကျောင်း(YES) ကျောင်းဆင်းလူငယ်များ၊ လူငယ်ခေါင်းဆောင်များ ပါဝင်၍ ဖဲကြိုးဖြူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါသည်။ဤလှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တံတားဦးမြို့နယ် ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်မေဖြူဆွေနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များ ဦးဆောင်ခဲ့ကြပါသည်။ခရက်ဒစ် – ဖဲကြိုးဖြူသီချင်းကို အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ကူးယူထည့်သွင်း အသုံးပြုထားပါသည်။