ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

December 2020
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၁-၂၀၂၀

DPNS ဗဟိုကော်မတီ အစည်းအဝေး၃၀ – ၃၁၊ဒီဇင်ဘာ၊၂၀၂၀။ ရန်ကုန်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၀၊ ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာ၌ ပါတီတည်ဆောက်ရေးကို ပိုမိုအားစိုက် ဆောင်ရွက်ကြရန်နှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို သုံးသပ်ပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ၊ အတွင်းရေးမှူးအဖွဲ့၏ အလုပ်ပြီးစီးမှု အစီရင်ခံစာ၊ ၂၀၂၀ ရွေးကောက်ပွဲဖြတ်သန်းမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်၊ ရေးရာကော်မတီများနှင့် ဒေသဆိုင်ရာကော်မတီများ အစရှိသည့် ကော်မတီအသီးသီး၏ အစီရင်ခံစာများကို တင်သွင်းခဲ့ကြသည်။ ဗဟိုကော်မတီဝင်များက အစီရင်ခံစာများကို ဝေဖန်သုံးသပ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေး ဒုတိယနေ့တွင် ၂၀၂၁ အတွင်း ဆက်လက်လုပ်ဆောင်ရမည့် အလုပ်တာဝန်များကို ခွဲဝေခဲ့ကြသည်။ အစည်းအဝေး နိဂုံးချုပ်နှုတ်ဆက်စကားကို

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအ‌ဝေး (၆/၂၀၂၀)

DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၁၁ – ၁၄၊ ဒီဇင်ဘာ၊ ၂၀၂၀။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအ‌ဝေး (၆/၂၀၂၀)ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ရန်ကုန်နှင့် နယ်အသီးသီးရှိ ဗဟိုအလုပ်မှုဆောင်ကော်မတီ၀င်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအ​ဝေး၌ ၂၀၂၀ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအ‌ခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုများကို စုစည်းသုံးသပ်ခဲ့ကြပါသည်။ ထို့နောက် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများကိုလည်း တာ၀န်ခွဲ‌ဝေ သတ်မှတ်ခဲ့ကြပါသည်။

ပထမကျောင်းသားသပိတ်လှုပ်ရှားမှုနှစ် (၁၀၀) ပြည့် အထိမ်းအမှတ်စကားဝိုင်း”

ဦးအောင်မိုးဇော်၁၉၈၈ – ကျောင်းသားလှုပ်ရှားမှု (လူထုအရေးတော်ပုံ)

ဖဲကြိုးဖြူလှုပ်ရှားမှု အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု၄၊ ဒီဇင်ဘာ၊ ၂၀၂၀။

“မိမိရဲ့ အရည်ချင်းရှိရင် ရှိသလောက် လူတွေကို တိုးတက်ဖြစ်ထွန်ခွင့်ပြုပြီးတော့ အမျိုးသား၊ အမျိုးသမီးဖြစ်ခြင်းအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံမှုဟာ ပညာရေးစနစ်သာမက ဘယ်လိုနေရာမျိုးမှာမှ မရှိသင့်ဘူးလို့ ကျမ ယုံကြည်ပါတယ်”

ဒေါ်နှင်းနှင်းမွှေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)

ဖဲကြိုးဖြူလှုပ်ရှားမှု ဒီဇင်ဘာ ၃၊ ၂၀၂၀။

အမျိုးသမီးများအားအကြမ်းဖက်မှု ရပ်တန့်ရေးအတွက် (၁၆)ရက်တာ လှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီမှ ဦးဆောင်ပြုလုပ်လျက်ရှိပါသည်။”အမျိုးသမီးတွေဟာ ယဥ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်တွေ၊ ရှေးရိုးစွဲအယူအဆတွေအောက်မှာ အကန့်အသတ်ခံနေရပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတာပါ”

ဒေါ်အိသဉ္ဇာမောင် (ဥက္ကဋ္ဌ၊ လူ့ဘောင်သစ်လူငယ်)