
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပသည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်၊ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်နှင့် မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေး စီမံခန့်ခွဲရေးအဖွဲ့တာဝန်ခံ ဦးမျိုးဟန်တို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကို ၂၀၁၈၊ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။