
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈၊ သြဂုတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်၊ မြင်းခြံ၊ တံတားဦး၊ ပွင့်ဖြူ၊ ချောင်းသာ၊ ဆားလင်းကြီး အစရှိသည့်ဒေသများမှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဒေါ်နိုးနိုးထက်စံက ဦးဆောင်၍ ပါတီတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းစဉ်များအနက် တခုဖြစ်သည့် ပါတီ၏လုပ်ငန်းစဉ်အဆင့်ဆင့်တွင် လူငယ်နှင့် အမျိုးသမီးများ ပိုမိုပါဝင်လာရေးအပေါ် အခြေခံ၍ ကိုတာစနစ်ကို ဆွေးနွေးခဲ့ကြပါသည်။