
ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ၌ ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့လည်းကောင်း၊ ပဲခူးရိုးမအနောက်ခြမ်းနိုင်ငံရေးအင်အားစုများ ကျင်းပသည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားသို့လည်းကောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ကျင်းပသည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းလည်း တက်ရောက်၍ အမှတ်တရစကား ပြောကြားခဲ့ပါသည်။