
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်ဦးဆောင်သောအဖွဲ့သည် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ၂၀၁၈ ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြင်းခြံမြို့နယ်၏စည်းရုံးရေးအခြေအနေများ၊ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။