By DPNS INFORMATION, on May 1st, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 1st, 2017
၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေးနေ့) အခမ်းအနားနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းအနားကို ၁၊၅၊၁၇ ရက်နေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အလုပ်သမားအခွင့်အရေးများအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည့် အလုပ်သမားရဲဘော်များအား အလေးပြု ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးကျော်မျိုးက အဖွင့်စကားပြောကြားပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အမှတ်တရစကား ပြောကြားပေးခဲ့ပါသည်။ ကိုကျော်ကိုကိုက မေဒေးနေ့သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီးနောက် ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။
By DPNS INFORMATION, on May 1st, 2017
ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊အမှတ်(၆)
By DPNS INFORMATION, on May 1st, 2017
အလုပ်သမားထုအတွက် ထိုက်တန်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေး ရရှိရန် တိုက်ပွဲဝင်ခဲ့ကြသည့် ကမ္ဘာ့အလုပ်သမားတိုက်ပွဲနေ့ မေဒေး (၁၂ရ) နှစ်မြောက် အခမ်းအနားတွင် အလုပ်သမား သူရဲကေင်းအပေါင်းအား မိမိတို့ ပါတီက အလေးအမြတ် ဦးညွတ်လျှက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။