ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

March 2014
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930
31  

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိတို့ပါတီက ၀မ်းမြောက်လှိုက်လှဲစွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။ ယနေ့ကာလ မြန်မာနိုင်ငံ၏ ရှေ့တန်းအရောက်ဆုံး နိုင်ငံရေးအကြောင်းအရာများ အနက် တခုမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနှစ်သာရရှိရှိ အကောင်အထည်ဖေါ်ဆောင်ခွင့် ရ – မရ ဆိုသည့်အကြောင်းအရာဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ နှစ် ၆၀ ကျော်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီး အပေါ်ထားသည့်သဘောထား၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကို အပြည့်အ၀ အာမခံနိုင်မှုအပေါ်ထားသည့်သဘောထား ၊ ပြည်ထောင်စုသားအားလုံးအတွက် အမျိုးသားတန်း တူခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပေါ်ထားသည့် သဘောထားများသည် စစ်မှန်သည့်ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် အခရာကျသော သဘောထားများ ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ တိုင်းရင်းသားလူမျိုးစုများအပါအ၀င် နိုင်ငံရေးအင်အားစုများအားလုံးအနေဖြင့် အထက်ပါကိစ္စရပ်များအပေါ် မှန်ကန်သော သဘောထားများ ကိုယ်စီကိုယ်စီ အခိုင်အမာ ရှိကြပြီး ဖြစ်သည်ဟု မိမိတို့ပါတီက နားလည်ပါသည်။ အစိုးရနှင့် တပ်မတော်အနေဖြင့်လည်း ခေတ်အဆက်ဆက် ဖိနှိပ်ရေးအစိုးရများနှင့် လမ်းခွဲကာ အထက်ပါ ကိစ္စရပ်များအပေါ် မှန်ကန်သောသဘောထားများ ချမှတ်ကိုင်စွဲသွားကြရန် လိုအပ်သည်ဟု မိမိတို့ပါတီက အလေး အနက် အကြံပြုတိုက်တွန်းအပ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများအပါအ၀င် နိုင်ငံရေးအင်အားစုအားလုံး၊ အစိုးရကိုယ်စားလှယ်၊ တပ်မတော်သား ကိုယ်စားလှယ်များပါဝင်သည့် ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုညီလာခံကြီးတရပ် ကျင်းပပြီး ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ သူမနာကိုယ်မနာငြိမ်းချမ်းရေးမူကို အခိုင်အမာကိုင်စွဲကာ တည်ရှိနေသည့်ပြဿနာ အရပ်ရပ်ကို ဆွေးနွေးအဖြေရှာကြရမည် ဖြစ်ပါသည်။ ထိုသို့ တိုင်းပြည်နှင့် ပြည်သူတရပ်လုံး၏ အကျိုးစီးပွားကို တည့်တည့်မျက်နှာမူပြီး ဖြေရှင်းကြမှသာလျှင် ဆရာကြီးမျှော်မှန်းခဲ့သော ငြိမ်းချမ်းရေးကို စစ်စစ်မှန်မှန်ရရှိလိမ့်မည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ မိမိတို့ပါတီသည် အခက်အခဲ မည်သို့ပင်ကြုံရစေကာမူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းတာဝန်များကို လူမျိုးစုံပြည်သူလူထုကြီးနှင့် အတူ လက်တွဲထမ်းရွက်သွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်) ၂၀၁၄ခုနှစ် မတ်လ (၂၃) ရက်နေ့။