ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

May 2020
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031

ပါတီလှုပ်ရှားမှုများ

ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက် ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်မှ စီစဉ်ကျင်းပသော ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဒေသအဆင့် ပါတီစုံဆွေးနွေးပွဲကို မန္တလေးမြို့တွင် ၂၀၁၆ ဧပြီလ ၂၈ ရက်နေ့က ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဗဟိုဦးဆောင်ကော်မတီဝင် ဦးတင်ကိုအောင်နှင့် ဗဟိုစည်းရုံး ရေးကော်မတီဝင် ဦးသန့်စင်တို့ တက်ရောက်ပြီး ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို ဆွေးနွေးခဲ့ကြပါ သည်။ ပါတီသည် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်း (၂၁) ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပါတီအနေဖြင့် မိမိတို့ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်နေရာများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို အာမခံနိုင်သည်ဟု ယူဆရသည့် ပါတီများ အနိုင်ရရေးအတွက် ...

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် တွေ့ဆုံဆွေးနွေး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် တွေ့ဆုံဆွေးနွေးလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ရက် တာဝန်ရှိသူများသည် ၂၅၊ ၄၊ ၂၀၁၆ ရက်နေ့က ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်းတွင် တွေ့ ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လက်ရှိနိုင်ငံရေး အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်သော အမြင် သဘောထားများကို ရင်းရင်းနှီးနှီး ဆွေးနွေး ဖလှယ်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း မပြုလုပ်နိုင်သေးသမျှ စစ်အာဏာရှင်စနစ် ၏ ဗိုလ်ကျစိုးမိုးမှုများသည် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေဦးမည် ဖြစ်ကြောင်း၊ ထို့အတွက် အစိုးရသစ်အပါအ၀င် အင်အားစု အားလုံးက ၎င်းကိစ္စအပေါ် အလေးအနက်ထားကြရန် လိုအပ်ကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး ...

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ၆ လပတ်အစည်းအဝေးသို့ တက်ရောက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ၆ လပတ်အစည်းအဝေးသို့ တက်ရောက်ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ပြည်နယ်နှင့်တိုင်း လုပ်ငန်းအဖွဲ့များ၏ ၆ လပတ် အစည်းအဝေးကို ၂၀၁၆၊ ဧပြီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပ ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တွင် အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သဖြင့် ထို အစည်းအဝေးကို ပါတီမှ ဒေါ်နှင်းနှင်းမွှေးက တာဝန်ယူ၍ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် NNER လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာ၊ ပြည်နယ်နှင့်တိုင်း လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ပြီးစီးမှုအခြေ အနေ၊ ရွှေ့ပြောင်းဒေသနှင့် ဒုက္ခသည်စခန်းများ၏ ပညာရေးအခြေအနေတို့ကို လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခဲ့ကြပါ သည်။ အစည်းအဝေးသို့ ကျောင်းသားများ၏ ရပ်တည်ချက် သဘောထားများနှင့်ပတ်သက်၍ ဗကသများအဖွဲ့ချုပ် ...

ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီနှင့် ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ တာဝန်ရှိ သူများသည် ၂၀၁၆ ဧပြီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ၀န်းရံပြည်သူများကို မိမိတို့ပါတီက လှိုက်လှိုက် လှဲလှဲ ကြိုဆိုဂုဏ်ပြုပါကြောင်း ဦးစွာ ပြောကြားခဲ့ပါသည်။ ၎င်းနောက် လက်ရှိဖြစ်ထွန်းနေသောနိုင်ငံရေးအခြေအနေများသည် များစွာ ရှုပ်ထွေးလျက်ရှိကြောင်း၊ ဗကသများအဖွဲ့ချုပ် နှင့် အာဏာရပါတီတို့အကြား ယုံကြည်မှု ထိခိုက်ပျက်ပြားသွားစေရန် ပြောဆိုရေးသားနေမှုများ ရှိနေသည်ကို အမြော် အမြင်ကြီးကြီးဖြင့် ကျော်လွှားသွားကြရမည်ဟု ...

 


ထုတ်ပြန်ချက်များ

ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

တောင်သူလယ်သမားနေ့အထိမ်းမှတ် အခမ်းအနားများသို့ ပေးပို့သည့် သ၀ဏ်လွှာ

ရလလဖ ၏ နှစ် (၇၀) မြောက် ရှမ်းပြည် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ ဂုဏ်ပြုသဝဏ်လွှာ

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ဥပဒေပြုဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ဝါးစိမ်းတောင်ဒေသ ဓာတ်သတ္ထုစမ်းသပ်တူးဖော်ရေးစီမံကိန်းကို ကန့်ကွက်ကြောင်း ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်

ဝါးစိမ်းတောင် ဓာတ်သတ္တုစမ်းသပ်တူးဖေါ်ရေးစီမံကိန်း ကန့်ကွက်ပွဲသို့ ထောက်ခံကြိုဆိုပေးပို့သော သဝဏ်လွှာ

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အမျိုးသားတန်းတူရေးဆိုင်ရာ သဘောထားန်ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၏ တောင်သူလယ်သမားညီလာခံ (ပြည်) သို့ ပေးပို့သော DPNS ၏ ဂုဏ်ပြုသဝဏ်လွှာ

၇ ဇူလိုင် ၅၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော သဝဏ်လွှာ

 


အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉) (RFA) RFA နေ့လယ်ခင်းသတင်း ——————————- ” နိုင်ငံသားများနှင့်ပတ်သက်လျှင် တာဝန်သိသိ တာဝန်ရှိရှိ ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်အတွက် ဂုဏ်သိက္ခာရှိပါလိမ့်မည် “ လွန်ခဲ့သည့် နိုဝင်္ဘာလဆန်းတွင် ဂမ်ဘီယာနိုင်ငံက နိုင်ငံချင်းချင်း စွဲဆိုနိုင်သည့် “လူမျိုးတုန်းသတ်ဖြတ်ခြင်းဆိုင်ရာ သဘောတူညီချက် ဖောက်ဖျက်မှု”ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံကို စွဲချက်တင်လိုက်ကြောင်း ကြားသိရပါသည်။ အဆိုပါအမှုကို တရားရင်ဆိုင်ရန် နယ်သာလန်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လာမည့် ဒီဇင်္ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် မြန်မာနိုင်ငံက သွားရောက်စစ်ဆေးခံရမည်ဖြစ်ကြောင်း ကြားသိရပါသည်။ မိမိတို့မြန်မာနိုင်ငံမှ တာဝန်ရှိသူတစ်ဦးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်စစ်ဆေးခံ၊ တရားရင်ဆိုင်မည်ဟုလည်း သိရပါသည်။ ထူးထူးခြားခြားဆိုသကဲ့သို့ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာထိခိုက်ရမှုအတွက် တာဝန်ရှိသည်အတိုင်း သွားရောက်စစ်ဆေးခံ အမှုရင်ဆိုင်မည့်သူအား ချီးကျူး၊ ချီးမွမ်းမှုများလည်း ကြားနေရပါသည်။ မည်သို့ဆိုစေ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စည်းကမ်းအရ အမှုကို လက်ခံရင်ဆိုင်သူသည် တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရလိမ့်မည်ဟု သိရှိရပါသည်။ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉) https://www.facebook.com/nsni.mm/videos/2619647944780849/UzpfSTE3OTQ3MTgwODczMTM1MToyODk4NTg0NDAzNDg2NzMx/?epa=SEARCH_BOX

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉) ” နိုင်ငံသားများနှင့်ပတ်သက်လျှင် တာဝန်သိသိ တာဝန်ရှိရှိ ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်အတွက် ဂုဏ်သိက္ခာရှိပါလိမ့်မည် “ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉) လွန်ခဲ့သည့် နိုဝင်္ဘာလဆန်းတွင် ဂမ်ဘီယာနိုင်ငံက နိုင်ငံချင်းချင်း စွဲဆိုနိုင်သည့် “လူမျိုးတုန်းသတ်ဖြတ်ခြင်းဆိုင်ရာ သဘောတူညီချက် ဖောက်ဖျက်မှု”ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံကို စွဲချက်တင်လိုက်ကြောင်း ကြားသိရပါသည်။ အဆိုပါအမှုကို တရားရင်ဆိုင်ရန် နယ်သာလန်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လာမည့် ဒီဇင်္ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် မြန်မာနိုင်ငံက သွားရောက်စစ်ဆေးခံရမည်ဖြစ်ကြောင်း ကြားသိရပါသည်။ မိမိတို့မြန်မာနိုင်ငံမှ တာဝန်ရှိသူတစ်ဦးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်စစ်ဆေးခံ၊ တရားရင်ဆိုင်မည်ဟုလည်း သိရပါသည်။ ထူးထူးခြားခြားဆိုသကဲ့သို့ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာထိခိုက်ရမှုအတွက် တာဝန်ရှိသည်အတိုင်း သွားရောက်စစ်ဆေးခံ အမှုရင်ဆိုင်မည့်သူအား ချီးကျူး၊ ချီးမွမ်းမှုများလည်း ကြားနေရပါသည်။ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal) မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် ...

 


အင်တာဗျူ :

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal) မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့် မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။ မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။ UAMZ – ကျွန်တော်တို့ ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့ ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက် စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။ ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့ ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင် မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက် နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။ ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။ ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ် ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့ မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။ ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။ အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့ ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့ တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့ သွားငြိနေတယ်။ ပုဒ်မ ...

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ February 1, 2020

အကြမ်းဖက်ဝါဒနှင့်ပတ်သက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထား December 30, 2019

ပါတီစည်းရုံးရေးမှူးသင်တန်း(၂/၂၀၁၉) သင်တန်းဆင်းပွဲ December 24, 2019

တောင်သူလယ်သမားညီလာခံနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနား December 22, 2019

တောင်သူလယ်သမားနေ့ အခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက် December 22, 2019

တောင်သူလယ်သမားနေ့အထိမ်းမှတ် အခမ်းအနားများသို့ ပေးပို့သည့် သ၀ဏ်လွှာ December 21, 2019

ကသာမြို့နယ်ဒေသခံတောင်သူများနှင့် ဆွေးနွေးပွဲ December 18, 2019

ဥပဒေပြုခြင်းဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲ December 15, 2019

ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး December 15, 2019

ဘားအံမြို့နယ်ပါတီကော်မတီနှင့် တွေ့ဆုံဆွေးနွေး December 14, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ