ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

ပါတီဗဟိုကော်မတီ အထူးအစည်းအဝေးတွင် ပြောကြားသော
ပါတီဒုတိယဥက္ကဋ္ဌ၏ နိဂုံးချုပ်မိန့်ခွန်း

(၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်) 

 

ဗဟိုကော်မတီအထူးအစည်းအဝေးကို တက်ရောက်လာကြတဲ့ ဗဟိုကော်မတီဝင်
ရဲဘော်များခင်ဗျား ...
 

ကျနော်တို့ အခုလုပ်ခဲ့တဲ့ အစည်းအဝေး ၅ ရက်တာ အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံး ပါပြီ။ ဒီနေရာမှာ ကျနော်တို့ ဆွေးနွေးခဲ့တာတွေကလည်း အများကြီးဖြစ်သလို စဉ်းစားခဲ့တာတွေ လည်း အများကြီးပါပဲ။ ကျနော်တို့ရဲ့ အနာဂတ်ကို ကျနော်တို့ သွားကြရတော့မယ့် အချိန်မှာ ကျနော် တို့တွေဟာ နှစ်ပေါင်း ၂ဝ ကျော် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အမှားတွေ အမှန်တွေအပေါ်မှာ သေသေချာချာ သုံးသပ်နိုင်ခဲ့တယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့ ပြည်တွင်းပြည်ပမှာရှိတဲ့ ရဲဘော်တွေကို စနစ်တကျ စည်းရုံးပြီးတော့ ဆက်လက်ချီတက် ခြင်းနဲ့အတူ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အနာဂတ်ဟာ ပိုမိုထွန်းပြောင်လာလိမ့်မယ်လို့ ကျနော်ကတော့ အကြွင်းမဲ့ ယုံကြည်ပါတယ်။ 

အတိတ်မှာရှိတဲ့ အနာတရတွေဟာ အားလုံး ကျေပျက်သွားခဲ့ပြီလို့ ကျနော်ကတော့ လုံးဝ ကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ ကျနော်တို့ ရှေ့ဆက်သွားမယ့် ခရီးလမ်းတလျှောက်မှာ မမြင်နိုင်တဲ့ အတားအဆီးတွေနဲ့ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။ ဒါတွေအတွက်လည်း အခုလို သိုက်သိုက်ဝန်းဝန်း ညီညီညွတ်ညွတ်နဲ့ ဆွေးနွေးအဖြေရှာ ကျော်ဖြတ်သွားခြင်းကသာလျှင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ မဝေးတော့တဲ့ အခြေအနေတခုမှာ ကျနော်လည်း ဒီနေရာ ဒီဒေသကို လာရောက်ပြီးတော့ အချိန်ပြည့် တာဝန်ယူနိုင်မယ်လို့ ကျနော့်ကိုယ်ကျနော် ယုံကြည်စွာပဲ ဖြတ်သန်းနေပါတယ်။ ဒီမှာ ဖြတ်သန်းနေကြတဲ့ ရဲဘော်တွေရဲ့ စွန့်လွှတ်မှု၊ ပေးဆပ်မှုတွေအားလုံးကို ကျနော် တကယ်ကို တန်ဖိုးထား လေးစားပါတယ်။ ကျနော့် လိုပဲ အဝေးတနေရာမှာ ရောက်နေကြတဲ့ ရဲဘော်တွေအားလုံးကလည်း တန်ဖိုးထား လေးစားလိမ့် မယ်လို့ ကျနော် ယုံကြည်မျှော်လင့်ပါတယ်။ အခုလို ပြောခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါ တယ်။ 

x x x x x

 
 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 
 

 

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.