|
ပါတီဗဟိုကော်မတီ အထူးအစည်းအဝေးတွင် ပြောကြားသော
ပါတီဥက္ကဋ္ဌ၏ အဖွင့်မိန့်ခွန်း
(၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

ဗဟိုကော်မတီအထူးအစည်းအဝေးကို တက်ရောက်လာကြတဲ့
ဗဟိုကော်မတီဝင် ရဲဘော်များခင်ဗျား...
ဒီကနေ့ ကျနော်တို့
ပါတီအနေနဲ့ စုံညီအစည်းအဝေးခေါ်ယူဖို့ ခက်ခဲနေတဲ့
အခြေအနေ အောက်မှာ ဒီဗဟိုကော်မတီ အထူးအစည်းအဝေးကို
ကျင်းပရတာဖြစ်တယ်။ ဒီအစည်းအဝေးကို ရပ်ဝေးကနေ
တက်ရောက်လာကြတဲ့ ရဲဘော်တွေအားလုံးကို
ကျေးဇူးတင်တယ်ဆိုတာ ပထမဦးဆုံး ပြောချင်ပါတယ်။
လက်ရှိအခြေအနေက ကျနော်တို့ ပါတီဗဟိုကော်မတီဝင်တွေ
စုံစုံညီညီနဲ့ အစည်းအဝေးတရပ် ခေါ်ရမယ့်အခြေအနေ
ရှိနေတယ်ဆိုတာကို ကျနော်တို့ရဲဘော်တွေအားလုံး၊
ကျနော်တို့ခေါင်းဆောင်တွေအားလုံး
အဲဒီလိုပဲ ယူဆလိမ့်လို့
ကျနော်ထင်ပါတယ်။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး
မျက်နှာစုံညီ အစည်းအဝေးလုပ်နိုင်ဖို့
ကြိုးစားခဲ့ပေမယ့် အထူးအစည်းအဝေးပွဲ တရပ်ကိုသာ ကျနော်တို့ လုပ်နိုင်ခဲ့တယ်။
ဒီလို ကြိုးစားရတဲ့ အဓိကအကြာင်းအရင်းက
နှစ်ခုရှိတယ်လို့
ကျနော်ပြောချင်ပါတယ်။
တခုကတော့ ကျနော်တို့တိုင်းပြည်
ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအခြေအနေ၊ ကျနော်တို့ တိုင်းပြည်
ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအခြေအနေထဲမှာမှ
ပြည်တွင်းမှာရင်ဆိုင်နေရတဲ့ အခြေအနေ၊
နယ်စပ်ဒေသတွေမှာ ရင်ဆိုင်နေရတဲ့ အခြေအနေ၊
ယနေ့ကျနော်တို့တိုင်းပြည်မှာ
ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ကျနော်တို့တိုင်းပြည်ရဲ့
ကမ္ဘာ့အလယ်မှာရှိနေတဲ့ နိုင်ငံရေးအဆင့်နေရာ၊
အဲဒီအခြေအနေ တွေအောက်မှာ ကျနော်တို့
လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီအနေနဲ့
ရှေ့ဆက်ပြီးတော့ ဘယ်လို ခရီးသွားကြမလဲ။
ရှေ့ဆက်ပြီးတော့ ဘယ်လို လျှောက်လှမ်းကြမလဲ။ ကနေ့အခြေအနေတွက်ရော နောက် ရေရှည်မှာ
ရင်ဆိုင်ကြုံတွေရမဲ့ စိန်ခေါ်မှုတွေအတွက်ရော ကျနော်တို့ဘယ်လိုပြင်ဆင်မလဲ၊
ဆိုတဲ့ကိစ္စကို ကျနော်တို့တွေ
ကျနော်တို့
ရဲဘော်ရဲဘက်တွေကြားမှာ နဖူးတိုက်ဒူးတိုက်
သေသေ ချာချာ ဆွေးနွေးပြီးတော့ အဖြေရှာဖို့ လိုပါတယ်။
လိုအပ်နေပြီလို့ ကျနော်တို့အနေနဲ့ ယူဆပါတယ်။
ဒုတိယတစ်ချက်ကတော့ ကျနော်တို့
လက်ရှိဌာနချုပ်မှာ ရပ်တည်နေတဲ့
တာဝန်ရှိတဲ့ လူတွေအနေနဲ့က
(၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ ကနေ ဒီနေ့အထိ)
ဒီနှစ်တွေအတွင်းမှာ လုပ်ခဲ့ ကိုင်ခဲ့တဲ့
ကိစ္စတွေရှိတယ်။ အဲဒီအစည်းအဝေးတွေကနေ ပြဿနာတွေအလိုက်၊ လုပ်ငန်းတစ်ခုချင်း အလိုက် သဘောထားတွေ
ချမှတ်ခဲ့တာလည်းရှိတယ်။ တချို့
အလှည့်အပြောင်းဆန်တဲ့ သဘော ထားတွေကိုလည်း ကျနော်တို့
ချမှတ်ခဲ့ရ တာတွေရှိတယ်။ အဲဒီလိုပဲ
ဒီနှစ်တွေအတွင်းမှာ ပါတီမှာ တာဝန် ကြီးကြီးမားမား
ယူနေတဲ့ ကျနော်တို့ရဲဘော် ခေါင်းဆောင်တချို့
နှုတ်ထွက်သွားတာတွေ ရှိတယ်။ ဒီတာဝန်တွေကို ကျနော်တို့
အစားထိုးထားရတာတွေ ရှိတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်လို့
ကျနော်တို့မှာ
အခုချိန်ထိပြောမယ်ဆိုလို့ရှိရင်
တချို့ကိစ္စတွေဟာ တရားဝင် အတည်ပြုလို့ မရသေး ဘူး။
နှုတ်ထွက်သွားတဲ့ လူတွေကတော့
နှုတ်ထွက်သွားတာပဲဖြစ်တယ်။ ဒါပေမယ့်ကျန်ခဲ့တဲ့
လူတွေ အနေနဲ့
ဒီကိစ္စကို အခိုင်အမာ အတည်ဟုတ်သလား အတည်မဟုတ်ဘူးလား
ဆိုတဲ့ကိစ္စတွေ ရှိနေ တယ်။ အဲဒါတွေကို
ကျနော်တို့အနေနဲ့ ဒီလိုအစည်းအဝေးမျိုးမှာ အတည်ပြုကြရမှာ ဖြစ်ပါတယ်။
နောက်ဒုတိယတစ်ခုက ကျနော်တို့ချမှတ်ခဲ့တဲ့
သဘောထားတွေ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ၊
လုပ်ငန်းတွေ၊ ရှေ့ဆက် ဆောင်ရွက်ရမယ့်
လုပ်ငန်စဉ်တွေ သဘောထား တွေနဲ့
ပတ်သက်ပြီးတော့ ချမှတ်ထားတာတွေရှိတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့အနေနဲ့
အတည်ပြုဖို့လိုမယ်
ဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့မှာ
လက်ရှိ ရှိနေတဲ့ ဒီဖွဲစည်းပုံ အခြေခံဥပဒေအရ ဆိုလို့ရှိရင်
စုံညီတဲ့ ဗဟိုကော်မတီ အစည်းအဝေး တရပ်ကသာလျှင်
အတည်ပြုနိုင်တယ်။ လုပ်ငန်းစဉ်တွေ၊ လမ်းစဉ်တွေကို
ချမှတ်နိုင်တယ်။ ဒါကြောင့်မို့လို့
လက်ရှိ နိုင်ငံရေးအခြေအနေရရော နောင်ကြုံတွေလာရမယ့်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက်ရော
ဗဟို ကော်မတီ စုံညီအစည်းအ၀းတရပ်က လုပ်ဖို့လိုအပ်နေတာဖြစ်ပါတယ်။
အဲဒီလိုပဲ ကျနော်တို့
ပါတီအတွင်းမှာ ဆောင်ရွက်ရမယ့် အလုပ်တွေအတွက်
ကျနော်တို့
ပါတီဗဟိုကော်မတီစုံညီအစည်းအဝေး ကျင်းပဖို့
လိုအပ်နေတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် တော့
ကျနော့်အနေနဲ့
ဒီနေရာမှာ အလေးအနက်ထားပြီးတော့ တင်ပြချင်တာက
ကျနော်တို့ပါတီကို
ရေရှည်မှာ အရည်အချင်းကောင်းတဲ့
နိုင်ငံရေးပါတီတရပ်အဖြစ် တည်ဆောက်မယ် ဆိုလို့ရှိရင်တော့
ရှိနှင့်ပြီးသား အနိမ်ဆုံးအဆင့် စည်းမျဉ်း၊
စည်းကမ်းတွေကို ကျနော်တို့ပါတီရဲ့
တာဝန်ရှိတဲ့ လူတွေ အားလုံး အလေးအနက်ထားကြဖို့
လိုလိမ့်မယ်လို့
ကျနော်ယူဆပါတယ်။ အဲဒီလိုမှ အလေးအနက် မထားဘူး
ဆိုလိုရှိရင် ကျနော်တို့ပါတီ
ရေရှည်မှာ အရည်အချင်းကောင်းတဲ့
နိုင်ငံရေးပါတီတရပ် အဖြစ် တည်ဆောက်နိုင်ဖို့ဆိုတာ
ခက်ခဲပါလိမ့်မယ်။ အဲဒီလိုပဲ ဒါကျနော်တို့ပါတီအနေနဲ့
ရေရှည်မှာ ကျနော်တို့တိုင်းပြည်ကို
ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် တည်ဆောက်ကြမယ် ဆိုလို့ရှိရင်
ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ်မှာ ရှိသင့်ရှိအပ်တဲ့
နိုင်ငံရေးအရ အင်စတီကျူးရှင်း(Institutions)
တွေရှိတယ်။ တရားဥပဒေစိုးမိုးရေးအရ
အင်စတီကျူးရှင်း(Institutions) တွေရှိတယ်။
အခြား အင်စတီကျူးရှင်း(Institutions)
မျိုးစုံရှိတယ်။ အဲဒီအင်စတီကျူးရှင်းတွေ တည်ဆောက်ဖို့ဆိုတာ
ခုကတည်းက ကျနော်တို့တည်ဆောက်နေကြရတာဖြစ်တယ်။
အဲဒီ အင်စတီကျူးရှင်းတွေမှာ ရှိတဲ့အခြေခံ
စည်းမျဉ်း၊ စည်းကမ်းတွေကို ကျနော်တို့ကိုယ်၌က
အလေးမထားဘူးဆိုလို့ရှိရင်
ကျနော်တို့
ပြဿနာရှိပါတယ်။ ရေရှည်မှာလည်း ပြဿနာရှိပါတယ်။
ဒီနေရာမှာ အဓိက ဆိုလိုချင်တာကတော့
ကျနော်ခုနက တင်ပြခဲ့တဲ့
ကျနော်တို့
ပါတီထဲမှာ ကိုက လုပ်စရာကိုင်စရာတွေရှိတယ်။
ကျနော်တို့
အတည်ပြုရမယ့် ကိစ္စတွေရှိတယ်။ ဆုံးဖြတ်ချက်
ပေးရမယ့် ကိစ္စတွေရှိတယ်။ အဲ့ဒီလို ကိစ္စမျိုးတွေကို
ကျနော်တို့
စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်နိုင်ဖို့ အတွက်
ဗဟိုကော်မတီစုံညီအစည်းအဝေးပွဲတစ်ရပ်ကို
ကျနော်တို့
ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါ တယ်။
ဒီအခြေအနေတွေကို
ကျနော်တို့
မသိလိုက်မသိဘာသာ ကျော်ဖြတ်သွားတဲ့ အဖြစ်မျိုး
မဖြစ် ချင်ဘူး။
ကျနော်တို့မှာ
ရှိနေတဲ့ စည်းမျဉ်းတွေ ကျနော်တို့မှာရှိနေတဲ့
ဥပဒေဘောင်ထဲကနေပြီးတော့
ကျနော်တို့
တိတိကျကျ လုပ်တယ်ဆိုတဲ့ပုံစံဖြစ်စေချင်တယ်။
ဒါကြောင့်မို့ ဒီအစည်းအဝေးကို
ခေါ်ယူ နိုင်ဖို့အတွက်
ကျနော်တို့
ကြိုးစားရတာဖြစ်ပါတယ်။
ချုပ်ပြီး
ကျနော်တင်ပြချင်တာကတော့
အကြောင်းနှစ်ချက် ရှိတယ်။
ကျနော်တို့
တိုင်းပြည် ယနေ့ရင်ဆိုင်နေရတဲ့ ထူးထူးခြားခြား
နိုင်ငံရေးအခြေအနေတွေ၊
ကျနော်တို့်တိုင်းပြည်
ယနေ့ရင်ဆိုင် နေရတဲ့ နိုင်ငံရေးအဆင့်အတန်း၊
အဲ့ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက်
ကျနော်တို့
ပါတီအနေနဲ့ လတ်တလောမှာပဲဖြစ်ဖြစ်၊
ရည်ရှည်မှာပဲဖြစ်ဖြစ် စိန်ခေါ်မှုတွေကို
ဘယ်လိုရင်ဆိုင်မလဲ ဒီပြင်ဆင်မှုတွေကို
လုပ်ဖို့အတွက်
ကျနော်တို့
ဗဟိုကော်မတီစုံညီအစည်းဝေးတစ်ရပ် လိုအပ်တယ်။
ဒုတိယတစ်ချက်
ကျနော်တို့
ပါတီတွင်းမှာ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်တဲ့
ကိစ္စတွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ
ဆောင်ရွက်နိုင်ဖို့အတွက် ဗဟိုကော်မတီအစည်းအဝေးတစ်ရပ် လိုအပ် တယ်။ ဒါ့ကြောင့်မို့
ကျနော်တို့
ဒီနေ့ဆွေးနွေးပွဲကို ခေါ်ယူဖို့
ကျနော်တို့
ကြိုးစားတာ ဖြစ်ပါတယ်။
ဒီနေ့ ဗဟိုကော်မတီ
အထူးအစည်းအဝေးကိုခေါ်ယူဖို့
မကြိုးစားခင်တုန်းကလည်းပဲ
ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ
ကျနော်တို့
ပါတီဗဟိုကော်မတီ စုံညီအစည်းအဝေးကို
ကျင်းပနိုင် အောင် ကြိုးစားခဲ့တာတွေရှိတယ်။ ၂၀၀၇
ခုနှစ်မှာ
ကျနော်တို့
ကျင်းပနိုင်ဖို့ ကြိုးစားခဲ့တာရှိတယ်။ ၂၀၀၇
ခုနှစ်မှာ
ကျနော်တို့
ဒီ ပါတီဗဟိုကော်မတီဝင်အကုန်လုံး
ကျနော်တို့
ပါတီရဲ့လုပ်ငန်းတွေမှာ ထိထိရောက်ရောက်
ပါဝင်ဆောင်ရွက်နိုင်ဖို့ ဆိုပြီးတော့
ကျနော်တို့
ဒီဘက်မှာရှိတဲ့ တာဝန်ရှိတဲ့
ပုဂ္ဂိုလ်တွေကနေပြီးတော့ အဆိုပြုတဲ့
အဆိုပြုချက်တွေရှိတယ်။ ၂၀၀၅ ခုနှစ်
နှစ်ကုန်ပိုင်းလောက်မှာ လည်းပဲ
ကျနော်တို့
ဗဟိုကော်မတီဆွေးနွေးပွဲတစ်ရပ် ခေါ်ယူနိုင်ဖို့
ကြိုးစားခဲ့တာရှိပါတယ်။ ဒါပေမဲ့
အဲ့ဒီအခြေအနေတုံးကတော့
ကျနော်တို့
ဗဟိုကော်မတီကော်မတီဝင်တချို့ဟာ တတိယနိုင်ငံတွေမှာ
တစ်စုံတစ်ရာ စပြီး အခြေချကာစအနေအထားမို့
ကျနော်တို့
ခေါ်ယူနိုင်ဖို့ အနေအထားမရှိခဲ့ဘူး။ ဒါကြောင့်မို့
ကျနော်တို့
ရွှေ့ဆိုင်းမယ်ဆိုပြီးတော့
ကျနော်တို့
သဘောထားခဲ့ကြပါတယ်။
ဒီနေ့အချိန်မှာတော့ မခေါ်လို့တော့
မဖြစ်တော့ဘူး၊ ခေါ်မှရမယ်။ မခေါ်ရင်တော့
ရေရှည်မှာ ဆက်သွားရမယ့် ကိစ္စတွေ၊ ရေရှည်မှာ
ရင်ဆိုင်ရမယ့် ကိစ္စတွေကို
ကျနော်တို့
သဘောထားတွေ ယူမထားဘူး၊ ညှိမထားဘူးဆိုရင်တော့
အခက်အခဲတွေ ဖြစ်နိုင်တယ်။ ဒါကြောင့်
ကျနော်တို့
သေသေချာချာ စဉ်းစားပြီးတော့ ဆွေးနွေးပွဲကို
ခေါ်ဖြစ်အောင် ခေါ်ကြမယ်၊ လုပ်ဖြစ်အောင်
လုပ်ကြ မယ်ဆိုပြီးတော့
ကျနော်တို့
ဒီအစည်းအဝေးကို မဖြစ်မနေ ဖြစ်အောင်
ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ အခုတစ်ခါ ခေါင်းဆောင်တွေအားလုံး မြင်တဲ့အတိုင်းပဲ
ကျနော်တို့
ဗဟိုကော်မတီဝင်တွေ ၂၃ ဦး ရှိတယ်၊
ကျနော်တို့
၁၁ ဦးပဲ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်နိုင်တယ်။
ကိုယ်တိုင်ကိုယ်ကျ မတက်ရောက်နိုင်တဲ့ သူတွေကတော့
တော်တော်များတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ၊
ကျနော်တို့အနေနဲ့ကတော့
ကျနော်တို့
ဆက်လုပ်ရမယ့် အလုပ်၊ ဆက်လုပ်ရမယ့် ခရီးမှာ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာပဲ
ကျနော်တို့ပါတီအနေနဲ့ ဂုဏ်သိက္ခာ ရှိရှိနဲ့
ဆက်ပြီး ရှင်သန်နိုင်ဖို့၊ ဒီနေ့ တိုက်ပွဲမှာပဲဖြစ်ဖြစ်၊
ရေရှည်တိုက်ပွဲတွေမှာပဲဖြစ်ဖြစ် လူထုက
လေးစားတဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ်
ဆက်ရပ်နိုင်ဖို့
ကျနော်တို့
ပိုင်းဖြတ်ချက်ရှိရှိနဲ့ အလုပ်လုပ်ဖို့
လိုတယ်လို့
ကျနော်ကတော့
ယူဆတယ်။ ဒီနေ့ဒီအချိန်မှာမှ ပိုင်းဖြတ်ချက်ရှိရှိနဲ့
ကျနော်တို့
ရှေ့ဆက် သွားဖို့ မဆုံးဖြတ်ဘူးဆိုလို့ရှိရင်
ကျနော်တို့အခြေအနေဟာ ရင်လေးစရာ ကောင်းတယ်လို့
ကျနော်တော့
ထင်တယ်။ အနိမ့်ဆုံးအဆင့်ပေါ့နော် ကမ္ဘာလုံးဆိုင်ရာ
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေ၊
တစ်နိုင်ငံလုံးဆိုင်ရာ အခြေအနေတွေ၊ ဒီပြည်တွင်းအခြေအနေတွေအားလုံးလည်း တက်ရောက်လာတဲ့
ဗဟိုကော်မတီတွေအနေနဲ့ ဒီကိစ္စတွေကို တစုံတရာ
သိနေတဲ့ အခြေအနေ အောက်မှာ အကျယ်ချဲ့ပြီး ကျနော်မပြောချင်တော့ဘူး။ ယနေ့ ကျနော်တို့ပါတီဌာနချုပ်
ရင်ဆိုင်နေရ တဲ့ ဒီနယ်စပ်ဒေသအခြေအနေ၊
လက်နက်ကိုင်တော်လှန်ရေးဒေသကို အခြေပြုပြီးတော့
ရပ်တည် လှုပ်ရှားနေရတဲ့ ကျနော်တို့အခြေအနေတွေ
အသိပေးရင်း
ဒီနေ့အခြေအနေမှာ
ပိုင်းဖြတ်ချက်ရှိရှိ မလုပ်ဘူး၊
ပိုင်းဖြတ်ချက်ရှိရှိ ပြင်ဆင်မထားဘူးဆိုလို့ရှိရင်
ခက်ခဲလိမ့်မယ်။ ရှေ့အနာဂတ်မှာ
စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရလိမ့်မယ်။ ဒီ့အတွက်
ကျနော်တို့တစ်ပါတီလုံးက ပြင်ဆင်ထားနိုင် ရေး
လုပ်ဆောင်ဖို့ အရေးကြီးတယ်။ ပါတီ ဆက်လက်ပြီးတော့
ရပ်တည်နိုင်ဖို့ကိစ္စမှာ စိန်ခေါ်မှုတွေ အများကြီး ရှိလိမ့်မယ်လို့
ကျနော်ပြောချင်တယ်။ ကျနော်တို့
ရှေ့ကို ဘယ်လိုဆက်ကြမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး
ကျနော်တို့ ပိုင်းဖြတ်ချက်ရှိရှိ ပြင်ချင်တယ်။
ဒီဆွေနွေးပွဲမှတဆင့် သဘောထား တွေ၊
ဆုံးဖြတ်ချက်တွေ ချပြီးသွားရင်လည်း အဲဒီသဘောထားတွေ
အဲဒီဆုံးဖြတ်ချက်တွေပေါ်မှာ အခြေပြုပြီးတော့ ကျနော်တို့
ရှေ့ဆက်ပြီးတော့ လွတ်လွတ်လပ်လပ်
အလုပ်လုပ်သွားချင်တယ်။ အဲဒီလို အခြေအနေတွေကြောင့်
ဒီကနေ့
ကျနော်တို့
ပါတီဗဟိုကော်မတီ အထူးအစည်းအဝေးကို တက်ရောက်လာကြတဲ့
ကျနော်တို့
ဗဟိုကော်မတီဝင် ရဲဘော်တွေအားလုံးအနေနဲ့
ယနေ့ ကျနော်တို့
ရင်ဆိုင်ရမယ့်၊ ကျနော်တို့ပါတီ
ရှေ့ဆက်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဘယ်လို
ဖြတ်ကျော်မလဲ။ ယနေ့ ကျနော်တို့တိုင်းပြည်ရင်ဆိုင်နေရတဲ့
စိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်ဖို့အတွက်
ကျနော်တို့ ပါတီက
ဘယ်လိုအခန်းကဏ္ဍကနေပြီးတော့ အထောက်အကူပြုမလဲ။
ဘယ်လိုအခန်းကဏ္ဍကနေပြီး တော့ ပါဝင်ဆောင်ရွတ်မလဲဆိုတဲ့
ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက်
ဆွေးနွေး ကြဖို့
ကျနော်အနေနဲ့
တိုက်တွန်းလိုတယ်။
နိဂုံးချုပ်အနေနဲ့
တင်ပြချင်တာကတော့ ကျနော်တို့
ပါတီအနေနဲ့
အဲဒီအကျပ်အတည်းတွေနဲ့
လျော်ညီတဲ့၊ ဒီကျပ်တည်းမှုတွေကို ဖြတ်သန်းနိုင်ဖို့အတွက် အကျပ်တည်းတွေကြားထဲမှာ ရပ်တည် နိုင်ဖို့အတွက်
သင့်တော်တဲ့ လုပ်ငန်းစဉ်တွေ
သင့်တော်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့
လိုလိမ့်မယ်လို့
ထင်တယ်။ ဒီကိစ္စတွေကို ကျနော်တို့
ပိုင်းဖြတ်ချက်ရှိရှိ၊ ရဲရဲဝံ့ဝံ့
ဆက်လက်ဆောင်ရွက်သွားကြပါလို့
ကျနော့်အနေနဲ့
တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို
ကျေးဇူးတင်ပါတယ်။
x x x x x |