|
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၁၉)
နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်
တင်ပြချက်
သံဃာတော်များဦးစီးသည့် လူထုလှုပ်ရှားမှုအပေါ်
ခြုံငုံသုံးသပ်ချက်
(၂၀၀၇ ခုနှစ်၊
သြဂုတ်လ
၁၅ ရက် မှ အောက်တိုဘာလ ၃ ရက် အထိ)
နိဒါန်း
ဖြစ်ရပ်တစ်ခု၊
ဖြစ်စဉ်တစ်ခု၊
လှုပ်ရှားမှုတစ်ခုကို
သုံးသပ်ခြင်းဆိုသည်မှာ နိုင်ငံရေးပါတီ
အဖွဲ့အစည်းတိုင်း၊
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတိုင်းအတွက်
အရေးကြီး
လုပ်ငန်းတာဝန်တစ်ခု
ဖြစ်ပါသည်။
ဖြစ်ရပ်တစ်ခု၊
ဖြစ်စဉ်တစ်ခု၊
လှုပ်ရှားမှုတစ်ခုကို
သုံးသပ်ရာ၌
ထိုဖြစ်ရပ်တစ်ခု၊
ထိုဖြစ် စဉ်တစ်ခု၊
ထိုလှုပ်ရှားမှုတစ်ခု၏
သမိုင်းဇစ်မြစ်၊
လတ်တလောအကြောင်းအရင်း၊
ခေါင်းဆောင်မှု၊
တင်ပြသည့် ကြွေးကြော်သံများ၊
လှုပ်ရှားအသက်ဝင်လာမှု၊
ပြန့်နှံ့ရာနယ်ပယ်၊
(နအဖ)စစ်အစိုးရ၏
တုန့်ပြန်မှု၊
ပြည်တွင်းပြည်ပ
နိုင်ငံရေးအင်အားစုအသီးသီး၏
တုန့်ပြန်မှု၊
ဒေသတွင်းနှင့် နိုင်ငံတကာ
မိသားစု၏
တုန့်ပြန်မှု၊
အောင်မြင်မှုနှင့်
ထိခိုက်ဆုံးရှုံးမှု
အကျိုးဆက်ရလဒ်နှင့် ရှေ့အလားအလာများ
အထိ သုံးသပ်ရမည်ဟု
ယူဆပါသည်။ သို့ပါ၍
မကြာသေးသောကာလအတွင်း
(၂၀၀၇ ခုနှစ်၊
သြဂုတ်လ
၁၅ ရက် မှ အောက်တိုဘာလ ၃ ရက်အထိ)
ပြည်တွင်း၌ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော
သံဃာတော်များဦးစီးသည့် လူထုလှုပ်ရှားမှုအပေါ်
ခြုံငုံသုံးသပ်ချက်ကို
ကျွန်တော်တို့ပါတီ၏
(၁၉)နှစ်မြောက်
မွေးနေ့အထိမ်းအမှတ်အဖြစ်
တင်ပြအစီရင်ခံအပ်ပါသည်။
သမိုင်းဇစ်မြစ်
လွတ်လပ်ရေးသက်တမ်းနှင့်အမျှ
ရှည်ကြာနေခဲ့ရသော
အမျိုးသားသွေးစည်းညီညွတ်မှု
ပြိုကွဲ၍
ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရသော
ဖြစ်စဉ်သည် ကျွန်တော်တို့တိုင်းပြည်
ယနေ့ ရင်ဆိုင်ကြုံတွေ့နေ
ရသော ပြဿနာအရပ်ရပ်၏
သမိုင်းဇစ်မြစ်ပင် ဖြစ်ပါသည်။
အမျိုးသားသွေးစည်းညီညွတ်မှု
ပြိုကွဲရ
ခြင်းသည် အကြောင်းရင်းခံဖြစ်ပြီး၊
ပြည်တွင်းစစ်သည်
အကျိုးဆက်ရလဒ်ဖြစ်ပါသည်။
ထိုပြည်တွင်း
စစ်အတွင်း၌
စစ်အာဏာရှင်စနစ်
သန္ဓေတည်ခဲ့ပြီး
တိုင်းပြည်၏
နိုင်ငံရေးဇာတ်ခုံပေါ်အထိ တက်ရောက်လာခဲ့ကာ
ယနေ့အထိ
မင်းမူတွင်ကျယ်နေခြင်းဖြစ်ပါသည်။
သို့အတွက်
အမျိုးသားအသီးသီးပြည်သူများသည်
ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲ၍
အမျိုးသားသွေးစည်းညီညွတ်မှုကို
ပြန်လည်တည်ဆောက်ကြရန်ဖြစ်သည်။
ယင်းသည် အမျိုးသား
အသီးသီးပြည်သများ၏
အချက်အချာ တာဝန်ကြီးတစ်ရပ်ဖြစ်ပါသည်။
ယနေ့ကာလ၌
တောင်းဆိုနေ
သော
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးသည်
ထိုတာဝန်ကြီးကို
ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက်
ဦးတည်ချက်နှင့် နည်းလမ်းပင်ဖြစ်ပါသည်။
ထိုတာဝန်ကြီးကို
အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတွင်
အဓိက အဟန့်အတားဖြစ်နေသည်
မှာ စစ်အာဏာရှင်စနစ်ပင်
ဖြစ်ပါသည်။
သို့အတွက်
စစ်အာဏာရှင်စနစ်
အကုန်အစင် တိုက်ဖျက်ရေး
သည် ယနေ့ကာလ၏
လက်ငင်းတာဝန်ပင် ဖြစ်ပါသည်။
လတ်တလောအကြောင်းအရင်း
သြဂုတ်လ
၁၅ ရက်နေ့တွင်
(နအဖ)စစ်အစိုးရက လောင်စာဆီဈေးနှုန်းများကို
ကြိုတင်
အသိပေးအကြောင်းကြားခြင်းမရှိဘဲ
ရုတ်တရက် တိုးမြှင့်လိုက်သည့်
ကိစ္စပင်ဖြစ်သည်။
ယင်း၏အကျိုးဆက်အဖြစ်
သယ်ယူပို့ဆောင်ရေးနှင့်
အထွေထွေကုန်ပစ္စည်းဈေးနှုန်းများ
ထိုးတက်သွားတော့သည်။
ယင်းဒဏ်ရာဒဏ်ချက်ကို
အလုပ်သမား၊
လယ်သမားနှင့် မြို့နေ
ဆင်းရဲသား ၀န်ထမ်းအများစုက ခါးစီး၍
ခံကြရတော့သည်။
ထိုအခါ ကိုမင်းကိုနိုင်၊
ကိုကိုကြီး
အစရှိသော ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များ၊
တက်ကြွလှုပ်ရှားသူများသည်
ပြည်သူများ လက်တွေ့ကြုံတွေ့ခံစားနေရသော
အထွေထွေ ကုန်ဈေး
နှုန်း
မြင့်မားသည့်ဒဏ်မှ
သက်သာရာရစေရန်၊ မြင့်တက်သွားသော
လောင်စာဆီဈေးနှုန်းနှင့်
ကုန်ဈေး
နှုန်းများ
ကျဆင်းရေးအတွက်
ငြိမ်းချမ်းစွာ
လမ်းလျှောက်
ဆန္ဒဖေါ်ထုတ်ပြသခဲ့ကြပါသည်။
ယင်းသို့
၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များ၊
တက်ကြွလှုပ်ရှားသူများ၏
ငြိမ်းချမ်း
စွာ ဆန္ဒဖေါ်ထုတ်ပြသခဲ့မှုများကို
(နအဖ)စစ်အစိုးရက ၎င်းတို့၏
လက်ကိုင်ဒုတ် လူရမ်းကားများ
ဖြစ်သော
ကြံ့ဖွံ့၊
စွမ်းအားရှင်ဆိုသူများဖြင့် အကြမ်းဖက်
ဖိနှိပ်ဖြိုခွဲမှုများ
ပြုလုပ်ခဲ့ကြပါသည်။
ထိုအခါ မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း၊
ဖက်ဆစ်တော်လှန်ရေးသမိုင်း၊
ဒီမိုကရေစီ တော်လှန်ရေးသမိုင်း
အဆက်ဆက်တွင် နေလိုလလို သမိုင်းအစဉ်အလာ
အထင်အရှားရှိခဲ့ကြသော
ဆရာတော်၊
သံဃာတော်များသည် တပည့် ဒကာ၊
ဒကာမများ၏
ဆင်းရဲဒုက္ခနှင့်
အကြမ်းဖက်
ဖိနှိပ်ခံ
ရမှုများကို
မျက်ဝါးထင်ထင် တွေ့မြင်ကြားသိလာရသောအခါ
ဥပက္ခာမပြုနိုင်တော့ဘဲ
ပြည်သူများ
ဘက်က ထွက်၍
မားမားမတ်မတ် ရပ်တည်ရှေ့ဆောင်လာခဲ့ပါတော့သည်။
ယင်းသို့
သံဃာတော်များ၊
ရဟန်းပျိုများက ပြည်သူများရှေ့က
မားမားမတ်မတ် ရပ်တည်
ရှေ့ဆောင်လာသောအခါ
ပြည်သူများအပေါ် ဆိုးသွမ်းအကြမ်းဖက်
ဖိနှိပ်နေသော
ကြံ့ဖွံ့၊
စွမ်းအားရှင်
ဆိုသည့် လူရမ်းကားများသည် ကျားနှင့်
ပက်ပင်းရင်ဆိုင်တွေ့လိုက်ရသော
ခွေးကဲ့သို့ အမြီးကုတ်၍
နောက်ဆုတ်သွားခဲ့ကြတော့သည်။
သို့သော်
ဒေ၀ဒတ်၏
တပည့်လက်သစ်များပီပီ သံဃာတော်များကို
မဆန်သာ၍သာ
နောက်ဆုတ်လိုက်ရသော်လည်း အကောက်ကြံ
အကွက်ချောင်းလျက်ရှိနေပါသည်။
သို့ဖြင့်
စက်တင်ဘာလ ၅ ရက် ၆ ရက်နေ့များတွင်
ပခုက္ကူမြို့တွင်
ငြိမ်းချမ်းစွာ
လှည့်လည်မေတ္တာပို့ခဲ့
ကြသော
သံဃာတော်များကို ဓါတ်တိုင်တွင်
ကြိုးတုတ်ရိုက်နှက်၍
အကြမ်းဖက်
ရမ်းကားလာပါတော့
သည်။
ယင်းဖြစ်စဉ်ဖြစ်ရပ်သည် ယနေ့ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော
သံဃာတော်များဦးစီးသည့် လူထုလှုပ်ရှားမှု၏
ကနဦး မီးပွားနှင့်
စနက်တံပင်ဖြစ်ပါသည်။
လတ်တလောအကြောင်းရင်းဖြစ်ပါသည်။
ယင်းသို့
ရိုင်းစိုင်းယုတ်မာ အကြမ်းဖက်မှုသည်
အမြို့မြို့အနယ်နယ်သို့
တောမီးပမာ ပျံ့နှံ့သွားခဲ့ပါ
တော့သည်။
သို့ဖြင့်
ရန်ကုန်၊ မန္တလေး၊
စစ်တွေ၊ ပဲခူး၊
ဟင်္သာတ၊ မုံရွာ
အစရှိသော မြို့ကြီးများတွင်
သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ
ဆန္ဒပြမှုများ
အစီအရီ ပေါ်ပေါက်လာပါတော့သည်။
အစပထမတွင် သံဃာတော်များက ကုန်ဈေးနှုန်းများကျဆင်းရေး၊
စားဝတ်နေရေး ပြေလည်
စေရေးနှင့် ပခုက္ကူမြို့သံဃာတော်များအပေါ်
အကြမ်းဖက်မှုကို
ဝန်ချတောင်းပန်ရန် ရာဇသံ ပေးခဲ့ခြင်း
ဖြစ်ပါသည်။
ယင်းကို (နအဖ)စစ်အစိုးက
ဂရုမစိုက်ဘဲ လျစ်လျူရှုနေခဲ့ပြီး၊
ပြည်တွင်းပြည်ပ အဖျက်
သမားများ၏ မြှောက်ပင့်မှု၊
ပြည်ပမီဒီယာများ၏ ပုံကြီးချဲ့မှု၊
သံဃာတော်များ၏ နိုင်ငံရေး နားမလည်
မှုကြောင့်
ဖြစ်ရသည်ဟု လိမ်ညာပြောဆို
ဝါဒဖြန့်ခဲ့ပါသည်။ သို့သော်လည်း
ယခုအခါ ထိုပခုက္ကူမြို့
သံဃာတော်များ အကြမ်းဖက်ခံရမှုသည်
ဒေသခံအာဏာပိုင်များ၏ မှားယွင်းသော
ကိုင်တွယ်မှုကြောင့်
ဖြစ်ရသည်ဟု ကုလသမဂ္ဂ အထွေထွေညီလာခံတွင်
ဝန်ခံပြောဆိုနေပါသည်။
ဒေသခံအာဏာပိုင်များ
သည် သူတို့သဘောနှင့်သူတို့
ကိုင်တွယ်၍မရပါ။ အထက်အမိန့်ညွှန်ကြားချက်အတိုင်း
တိတိကျကျ
လိုက်နာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊
အဓိက လက်သည်တရားခံနှင့်
တာဝန်ရှိသူများမှာ (နအဖ)စစ်အစိုးရ
ပင် ဖြစ်ပါသည်။
ခေါင်းဆောင်မှုနှင့်
ကြွေးကြော်သံများ
အခြေခံအားဖြင့် လှုပ်ရှားမှုသည်
‘မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစုကြီး’၏
ဦးစီး
ဦးဆောင်မှုအောက်တွင်
တပြေးညီ လိုက်ပါနိုင်ခဲ့ကြပါသည်။
ယင်းသည် ထူးခြားကောင်းမွန်သော
အချက်ဖြစ်ပါသည်။
တဆင့်ပြီးတဆင့် တင်ပြခဲ့ကြသော
အောက်ပါကြွေးကြော်သံများသည်
လက်ရှိ တိုက်ပွဲ
လိုအပ်ချက်နှင့် ကိုက်ညီပြီး
မှန်ကန်ပါသည်။
-
လောင်စာဆီဈေးနှုန်း
လျော့ချပေးရေး၊
-
ကုန်ဈေးနှုန်းကျဆင်းရေး၊
-
စားဝတ်နေရေးပြေလည်ရေး၊
-
အကြမ်းဖက် နှိပ်စက်ရမ်းကားမှုများအတွက်
ဝန်ချတောင်းပန်ရေး၊
-
အမျိုးသားပြန်လည်သင့်မြတ်ရေး၊
-
နိုင်ငံရေးအကျဉ်းသားများ
ပြန်လည်လွတ်မြောက်ရေး၊
-
တွေ့ဆုံဆွေးနွေးရေး၊
ထိုသို့ ရဲဝံ့စွာ ဦးဆောင်မှုပေးခဲ့သော
‘မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစုကြီး’နှင့်
ဦးစီးခဲ့ကြသော သံဃာတော်များကို
တပည့်တော်တို့ ပါတီဗဟိုကော်မတီနှင့်
တပါတီလုံးက ဦးညွှတ်
အရိုအသေပြုပါသည်။ မှတ်တမ်းတင်ပါသည်။
ခြုံငုံသုံးသပ်ရရှိချက်များ
ဤဖြစ်ရပ်မှနေ၍
အောက်ပါအချက်အလက်များကို ရှင်းလင်းစွာ
နားလည်သိမြင်စေပါသည်။
-
(နအဖ)စစ်အစိုးရသည်
စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက်
ဘာသာနှင့် သာသနာ့
ဝန်ထမ်း
ရဟန်းသံဃာတော်များကိုပင်
အလေးဂရုမထားနိုင်ဘဲ
အကြမ်းဖက်ဖိနှိပ်မှုကို
ပြည်တွင်းနှင့် နိုင်ငံတကာ
မိသားစုတို့က ပိုမိုရှင်းလင်းစွာ
သိမြင်လာစေပါသည်။
-
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး
လုပ်ငန်းတာဝန်သည် နောက်ဆုတ်၍မရ၊
ပြတ်သားကုန်စင်
သည်အထိ
တိုက်ဖျက်သွားရမည်ဟူသည့် အချက်ကို
ပိုမိုရှင်းလင်းစွာ
နားလည်စေပါသည်။ ထို့အပြင်
(နအဖ)စစ်အစိုးရက လွယ်လွယ်နှင့်
စေ့စပ်လိုက်လျောလာမည်ဟူသော
ပြည်တွင်း
ပြည်ပရှိ လူအချို့၏
မျှော်လင့်စိတ်ကူးယဉ်မှုကို
ချေဖျက်ပေးခဲ့သည်။
-
ငြိမ်းချမ်းသည့်နည်း၊
မေတ္တာပို့ဆုတောင်းသည့်
နည်းလမ်းသည် ပြည်သူများကို
စည်းရုံးနိုင် သည်မှန်သော်လည်း
မိမိတို့တိုက်ပွဲ ရေချိန်နှင့်
အ၀န်းအ၀ိုင်းကို
မြှင့်တင်တိုးချဲ့ကြရာတွင် လည်းကောင်း၊
စစ်အစိုးရက ကမ်းကုန်အောင်
အကြမ်းဖက်
ဖိနှိပ်လာသည့်အခါတွင်
လည်းကောင်း
အခြားသော ရွေးချယ်စရာ
တိုက်ပွဲနည်းလမ်းများ ထားရှိရန်
လိုအပ်ကြောင်း ပိုမိုရှင်းလင်းစွာ
နားလည်စေခဲ့ပါသည်။
-
ကျစ်လစ်သိပ်သည်းပြီး မှန်ကန်သည့်
ခေါင်းဆောင်မှု၊
ကြောင်းကျိုးဆီလျော်ပြီး
လက်ရှိ တိုက်ပွဲလိုအပ်ချက်နှင့်
ကိုက်ညီသည့်
ကြွေးကြော်သံများ
တင်ပြနိုင်လျှင် ပြည်သူများ
အင်နှင့်အားနှင့်
ပါဝင်လာနိုင်သည်ဆိုသည့် အချက်ကို
ရှင်းလင်းစွာ
သိမြင်နားလည်စေပါ
သည်။
-
လူထုတိုက်ပွဲ၏
အဆုံးအဖြတ်အင်အားသည်
လူထုလူတန်းစား အလွှာအသီးသီး၊
စစ်အစိုးရ ယန္တရားအတွင်းရှိ
ဝန်ထမ်းပြည်သူများ၊
တပ်မတော်သားများ အချိန်ကိုက်
ပါဝင်လာနိုင်မှုအပေါ်
တွင်
တည်မှီနေသည်ဟူသော အချက်နှင့်
ထိုသို့
ကြိုတင်ပြင်ဆင်စည်းရုံးထားနိုင်ရေးသည်
အရေးကြီးသော
လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည် ဆိုသည့်အချက်ကိုလည်း
ရှင်းလင်းစွာ သိမြင်နားလည်
သဘောပေါက်စေခဲ့ပါသည်။
-
ယခုလှုပ်ရှားမှုသည်
(နအဖ)စစ်အစိုးရ၏ လမ်းပြမြေပုံကို
ပြင်းထန်စွာ
ထိုးနှက်နိုင်စေခဲ့ပြီး၊
ကျန်ရှိနေသည့်
လမ်းပြမြေပုံပါအဆင့်များကို
အဆုံးသတ် တိုက်ဖျက်ပစ်နိုင်စေမည့်
အခြေခံ
ကောင်းများကို
ဖြစ်ပေါ်ရရှိစေခဲ့ပါသည်။ သို့အတွက်
ယခုအခါ စစ်အစိုးရသည်
‘အမျိုးသား
ညီလာခံနှင့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံကြိုဆိုပွဲများ’
ဖုတ်ပူမီးတိုက်
လုပ်ဆောင်လာနေ
ရပါသည်။ ယင်းသို့သော
‘ထောက်ခံကြိုဆိုပွဲဆိုသည်များ’ကို
အမိန့်အာဏာဖြင့်
နယ်စွန် နယ်ဖျားတွင်သာ
ပြုလုပ်နိုင်ပြီး ရန်ကုန်၊
မန္တလေးကဲ့သို့ အချက်အချာမြို့ကြီးများတွင်
ပြုလုပ်ဝံ့
ခြင်းမရှိသည်ကို
ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
-
ပြည်တွင်းလှုပ်ရှားမှုကို
စနစ်တကျ
စည်းရုံးဖေါ်ဆောင်နိုင်လျှင်
(နအဖ)စစ်အစိုးရကို ထိထိရောက်ရောက်
ခြိမ်းခြောက်နိုင်စေပြီး
အိမ်နီးချင်း၊ ဒေသတွင်းနှင့်
နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို
တိုးတက်ရရှိစေပါသည်။
-
ပြဿနာများနှင့် နဖူးတွေ့ဒူးတွေ့
ရင်ဆိုင်ကြုံတွေ့လာရသောအခါ
(နအဖ)စစ်အစိုးရ၌
ဖြေရှင်း ရန်
အခြားနည်းလမ်းမရှိဘဲ အကြမ်းဖက်
ချေမှုန်းမှုတစ်ခုတည်းသာ
ရှိသည်ဟူသည့် အချက် သည် ပိုမို
ရှင်းလင်းလာစေပါသည်။ ထိုသို့
အကြမ်းဖက်ဖြေရှင်းခြင်းသည်
မူလပြဿနာများကို မပြေလည်နိုင်စေသည့်အပြင် ပိုမိုကြီးထွားကျယ်ပြန့်လာပြီး
အခြားသော
နောက်ဆက်တွဲ
ပြဿနာသစ်များကို
ဖိတ်ခေါ်မိလျက်သားဖြစ်သည့်
အကျဉ်းအကြပ်ထဲသို့ ပို၍
ရောက်ရှိသွား စေပါသည်။
ထိုသို့ အကြမ်းဖက်
ဖိနှိပ်ဖြိုခွဲလိုက်သဖြင့်
မူလပြဿနာများဖြစ်သော နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေးပြဿနာများ
ပြေလည်သွားခြင်းမရှိပါ။ ထိုသို့
အကြမ်းဖက် ဖိနှိပ်မှုကြောင့်ပင်
နောက်ဆက်တွဲ ပြဿနာသစ်များအဖြစ်
(နအဖ)စစ်အစိုးရကို ပြည်သူလူထုက
ပိုမိုနာကျည်းမုန်းတီးလာစေပါသည်။
ထို့အပြင် သေဆုံးသူများ၊
ဒဏ်ရာရရှိသူများ၊
ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍
ရှာဖွေစုံစမ်း ဖေါ်ထုတ်ပေးရန်
လူ့အခွင့်အရေးရှုဒေါင့်အရ၊
တရားဥပဒေရှုဒေါင့်အရ
ပြဿနာသစ်အမြောက်အများ ကို
ရင်ဆိုင်ရစေပါသည်။
ဥပမာအားဖြင့် -
-
သံဃာတော်အမြောက်အများ
ဖမ်းဆီးထိန်းသိမ်းထားရခြင်း၊
-
သေဆုံး၊ ဒဏ်ရာရ၊
ပျောက်ဆုံးနေသူများကိစ္စ(မီဒီယာသတင်းများအရ
၂၀၀ နီးပါး သေဆုံး၍ တစ်ထောင်ခန့်
ဒဏ်ရာရပြီး၊ လူ ခြောက်ထောင်နီးပါး
ဖမ်းဆီးထားသည်ဟု ဆိုပါသည်)
-
ငွေကြာယံဘုန်းကြီးကျောင်း
အကြမ်းဖက် စီးနင်းခံရမှု
အဖြစ်မှန်စုံစမ်းဖေါ်ထုတ်ရေး၊
-
ငမိုးရိပ်ချောင်းအတွင်း
မျောပါလာခဲ့သော သံဃာတော်တပါး၏
အလောင်းကိစ္စ အဖြစ်မှန်
စုံစမ်းဖေါ်ထုတ်ရေး၊
-
ဂျပန်မီဒီယာသမားတစ်ဦး ပစ်သတ်ခံရမှု
စုံစမ်းဖေါ်ထုတ်ပေးရေး၊
< |