|
သင် ဘယ်လိုမိဘမျိုး ဖြစ်ချင်ပါသလဲ ?
ကျွန်မကတော့
စိတ်ပညာဆရာမတစ်ယောက်ဖြစ်တာမို့
နောင်အနာဂတ်မှာ ပွင့်လန်းလာကာ
အမိနိုင်ငံရဲ့တာဝန်တွေကို
ပခုံးပြောင်းယူကြမယ့်
မျိုးဆက်သစ်ကလေးသူငယ်၊ အပြစ်ကင်းတဲ့
ပန်းကလေးတွေကို ထာဝရပွင့်လန်းစေချင်တဲ့
စေတနာနဲ့ ဒီဆောင်းပါးကို ရေးမိပါတယ်။
ပန်းကလေးတွေထာဝရပွင့်လန်းဖို့ဆိုရင်
စိတ်ရောရုပ်ရော၊
ကျန်းမာကြံ့ခိုင်ဖို့လိုပါတယ်။ လူ
တစ်ယောက်ဟာ ရောဂါဝေဒနာမရှိတာနဲ့ဘဲ
ကျန်းမာကြံ့ခိုင်တယ်လို့ ပြောလို့မရပါဘူး။
ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့အစည်း(World Health
Organization) ကတော့ “ကျန်းမာရေး”
ဆိုတာကို အဓိပ္ပါယ်ဖွင့် ဆိုတဲ့အခါ
“လူတစ်ယောက်ဟာ ရုပ်ပိုင်း ၊ စိတ်ပိုင်း၊
လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ
အားလုံးပြည့်စုံတဲ့ အခြေအနေရှိမှသာ
အဲဒီလူကို ကျန်းမာရေးနဲ့ ညီညွတ်တယ်” လို့
ဆိုနိုင်ပါတယ်။ အဲသလို ကျန်းမာ
ကြံ့ခိုင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့
ကလေးဘဝရဲ့မိသားစုအခြေအနေက
အရေးပါတဲ့အချက်ဖြစ် တယ်လို့
စိတ်ပညာရှင်တွေက ဆိုပါတယ်။
မိသားစုဘဝဆိုတာ
ကလေးတစ်ယောက်ရဲ့
မိဘဆွေမျိုးအသိုင်းအဝိုင်းဖြစ်ပြီး
အရေးအကြီး ဆုံးကတော့ မိဘပဲဖြစ်ပါတယ်။
ကလေးပြုစုပျိုးထောင်မှုနည်းစနစ်က
အရေးကြီးလှတဲ့အတွက် စိတ် ပညာက လေ့လာထားတဲ့
မိဘအမျိုးအစားတွေကိုကြည့်ပြီး
ကိုယ်မိဘဖြစ်လာရင် ဘယ်လိုနေမယ်ဆို တာ
ရွေးချယ်နိုင်ဖို့အတွက် ဒီဆောင်းပါးကို
ရေးသားဆွေးနွေးချင်ပါတယ်။
မိဘတွေရဲ့ ကလေးတွေအပေါ်မှာ
ပြုစုပျိုးထောင်ပုံနည်းစနစ်တွေနဲ့ပတ်သက်ပြီး
စိတ်ဝင် တစားလေ့လာခဲ့တဲ့ စိတ်ပညာရှင်
ဒိုင်ယာနာဗျူမရင်း(Diana Baumrind)ရဲ့
တွေ့ရှိချက်ကတော့ ကလေးပြုစုပျိုးထောင်နည်း
(Child rearing practices)
(၃)မျိုးရှိတာကို တွေ့ခဲ့ရပါတယ်။
အဲဒီပြုစု ပျိုးထောင်နည်းကိုကြည့်ပြီး
မိဘအမျိုးအစား (၃)မျိုး
ခွဲခြားနိုင်ပါတယ်။
ပထမအမျိုးအစားကတော့
အလိုလိုက်လွန်းသော၊ သည်းမခံနိုင်လွန်းသော
မိဘမျိုး (Per- missive Parents) ဖြစ်ပြီး
သူတို့ကတော့ မိမိရဲ့ကလေးကို ဘာပဲလုပ်လုပ်
ခွင့်ပြုထားကာ စည်းကမ်း
ချမှတ်ထားခြင်းလည်းမရှိဘဲ၊ ကလေးက
မှားယွင်းတဲ့အပြုအမူမျိုး (ဥပမာ
ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်း) ကို
ပြုလုပ်နေရင်တောင်မှ အပြစ်ပေးခြင်းမရှိ၊
အလိုလိုက်လွန်းခြင်းဖြစ်ပါတယ်။
အဲဒီမှာလည်း မိဘရဲ့ အခြေအနေပေါ်မူတည်ပြီး
နှစ်မျိုးထပ်ခွဲနိုင်ပါတယ်။ အဲဒါကတော့
ချမ်းသာပြီး ပြည့်စုံတဲ့ မိဘတွေက ကလေးကို
ချစ်လွန်းလို့အလိုလိုက်ကာ
စည်းကမ်းသတ်မှတ်ခြင်းမရှိသလို၊ ဆင်းရဲပြီး
မပြည့်စုံတဲ့ဘဝ မှာ
တနေ့တာရုန်းကန်လှုပ်ရှားနေရတဲ့
မိဘတွေကတော့ ကလေးတွေဘာပဲလုပ်လုပ်
အရေးမစိုက်ဘဲ ပစ်ထားတာမျိုး၊
ပြောဆိုဆုံးမမှုမရှိတာမျိုး ဖြစ်ပါတယ်။
အဲဒါသလို အလိုလိုက်ခံရ၊ အရေးမစိုက်ဘဲ
ပစ်ပယ်ခံရတဲ့ကလေးတွေဟာ “ဘယ်အပြုအမူကဖြင့်
ကောင်းတယ်၊ ဘယ်အပြုအမူကဖြင့် ဆိုးတယ်”
စသဖြင့် သတ်မှတ်ထားတဲ့ သတ်မှတ်စံတွေကို
သင်ယူရခြင်းမရှိဘဲ နားမလည်စွာနဲ့
ကြီးပြင်းလာရပါ တယ်။
ဒုတိယပုံစံကတော့
အာဏာရှင်ဆန်လွန်းသော
အမိန့်ပေးလွန်းသောမိဘမျိုး (Authoritarian
Parents) ဖြစ်ပြီး အဲဒီမိဘမျိုးကတော့
ကလေးတွေကို တင်းကြပ်လွန်းတဲ့
စည်းကမ်းတွေထုတ်ကာ
အဲဒီစည်းကမ်းတွေမလိုက်နာရင် ရက်ရက်စက်စက်
ရိုက်နှက်အပြစ်ပေးခြင်းဖြစ်ပါတယ်။ ကလေးက
အသေးအဖွဲ့အပြစ်ကလေးလုပ်မိရင်တောင်
ခွင့်လွှတ်သည်းခံခြင်းမရှိဘဲ
အပြစ်ဒဏ်ပေးတော့တာပါပဲ။ အဲသလိုတွေ
ဖြစ်ပါများလာတော့ ရိုက်နှက်ခံရတဲ့အတွက်
ရုပ်ဒဏ်ရာရပြီး မကြာခင်
ဒဏ်ရာပျောက် သွားပေမယ့် စိတ်ဒဏ်ရာကကတော့
မသိစိတ်ထဲမှာ အမြဲတန်းရှိကာ စိတ်ထဲမှာ
နာနေတဲ့အတွက် အိမ်မှာမပျော်တော့ဘဲ
အိမ်ပြင်ရောက်ရင် နေချင်သလိုနေ၊
စိတ်လေလာကာ ဆိုးသွမ်းလာတော့တာ ပါပဲ။
မိဘတွေဟာ “သူ့ကို မချစ်ဘူး”
စွဲထင်လာတဲ့အတွက် မိဘနဲ့ကလေးဟာ
နီးရက်နဲ့ဝေးကာ မိဘ မကြိုက်တာကိုမှ
ရွဲ့ပြီးလုပ်တာတွေ ဖြစ်လာတတ်ပါတယ်။
မိဘဆီက မေတ္တာမရဘဲ ရိုက်နှက်မှုတွေ ကိုသာ
ရတဲ့အတွက် ကလေးဟာ ပြင်ပရောက်တော့ တခြားလူတွေနဲ့ မဆက်ဆံဘဲ ရှောင်ဖယ်နေ တတ်ခြင်း၊
ရန်လိုခြင်း၊ ကိုယ်ချင်းစာစိတ်မရှိခြင်း၊
မိမိကိုယ်ကို အလေးအမြတ်ထားခြင်း (Self-esteem) မရှိခြင်း စတဲ့
အကျိုးဆက်တွေသာ ရရှိသွားပါတော့တယ်။
ဒါကြောင့် လူကြီးမိဘတွေ
အနေနဲ့ အထက်မှာဖေါ်ပြခဲ့တဲ့
မိဘအမျိုးအစားထဲပါနေရင် ကိုယ့် အပြုအမူနဲ့
လုပ်ဆောင်ချက်တွေက
မှားနေပြီဆိုတာကိုသိရှိပြီး ပြုပြင်ပြောင်းလဲရမှာဖြစ်သလို၊
မိဘ မဖြစ်သေးတဲ့ လူငယ်များအဖို့ကလည်း “ငါ
မိဘဖြစ်ရင် အဲသလို
မိဘမျိုးမဖြစ်အောင်နေမယ်” ဆိုတဲ့
အသိလေးဝင်သွားဖို့ လိုပါတယ်။ လူတိုင်းအတွက်
သင့်တော်တဲ့ ဖြစ်သင့်တဲ့
မိဘအမျိုးအစားကတော့ တတိယပုံစံဖြစ်တဲ့
ပိုင်နိုင်ပြီး သြဇာညောင်းသော မိဘ (Authoritative
Parents) ဖြစ်ပါတယ်။ အဲဒီ မိဘမျိုးကတော့
ကလေးတွေကို
နွေးထွေးတဲ့ချစ်ခြင်းမေတ္တာတွေကို
ပေးတတ်ပြီး တစ်ချိန်ထဲမှာပဲ ကလေးတွေက
သင့်တော်တဲ့အပြုအမူကို ပြုလုပ်နေရင်
အားပေးခြင်းလုပ်သလို၊ မကောင်းတဲ့
အပြု အမူကိုလုပ်ရင်လည်း ရိုက်နှက်အပြစ်ပေးခြင်းမရှိဘဲ နားလည်အောင် အေးအေးဆေးဆေး ရှင်းပြခြင်း ဖြစ်ပါတယ်။ ဥပမာ
ကလေးဟာ ကျောင်းစာမှာ ထူးချွန်သလို ဂီတ၊
အနုပညာ၊ အားကစား၊ စတာတွေ ကို
ဝါသနာပါရင်လည်း သင်တန်းတက်ခိုင်းခြင်း၊
အားပေးတိုက်တွန်းခြင်းတွေ
ပြုလုပ်ခြင်းဖြစ်ပါတယ်။
ကလေးတွေကိုသင့်တော်တဲ့စည်းကမ်းချမှတ်ပြီး
စည်းကမ်းဖောက်လို့အပြစ်ပေးရင်လည်း
ဘာကြောင့် ပေးတယ်ဆိုတာ ရှင်းပြသလို၊
ကလေးကိုယ်တိုင်
ဆုံးဖြတ်လုပ်ပိုင်ခွင့်ကိုလည်း
လွတ်လပ်စွာ ပေးထား ပါတယ်။ အဲသလို
ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ
ကိုယ်ကိုယ်တိုင် နွေးထွေးတဲ့
ချစ်ခြင်းမေတ္တာကို ရရှိတဲ့အတွက်
တခြားလူတွေအပေါ်မှာလည်း ပြန်ပေးတတ်ကာ၊
လူမှု ဆက်ဆံရေးကောင်းမွန်ခြင်း၊ မိဘအပေါ်မှာ
အမြဲတန်း မှီခိုမှုမရှိဘဲ ကိုယ့်အားကိုယ်ကိုးခြင်း၊ မိမိကိုယ် ကို ယုံကြည်ခြင်း
(Self-confidence) ရှိခြင်း၊
တာဝန်သိတတ်ခြင်း စတဲ့ ကောင်းမွန်တဲ့
ကိုယ်ရည် ကိုယ်သွေးတွေကို
ရရှိပိုင်ဆိုင်သွားပါတယ်။
စိတ်ပညာရှင် (Baumrind)
ကတော့ မိဘတွေရဲ့
ကလေးပြုစုပျိုးထောင်နည်းတွေကို
လေ့လာပြီးတဲ့အခါ အဲဒီကလေးတွေ
ကျောင်းတက်တဲ့ မူကြိုကျောင်းတွေ၊
အခြေခံပညာကျောင်းတွေ ကို
ဆက်လက်လေ့လာခဲ့ပါတယ်။ သူမရဲ့
သုတေသနတွေ့ရှိချက်တွေအရကတော့
အလိုလိုက်လွန်း သော မိဘမျိုးရဲ့အောက်မှာ
ကြီးပြင်းလာရတဲ့ ကလေးတွေဟာ
စာသင်ကျောင်းတွေကို ရောက်တဲ့အခါ
ပညာထူးချွန်မှုလည်းမရှိ၊ မိမိကိုယ်ကို
ယုံကြည်မှုလည်းအားနည်းသလို၊ ဘဝမှာ
တိုးတက်အောင်မြင် လိုတဲ့ ဦးတည်ချက်၊
ရည်ရွယ်ချက်တွေလည်း မရှိတာကို တွေ့ရပါတယ်။
အာဏာရှင်ဆန်းလွန်းသော မိဘတွေရဲ့
ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပြင်းလာတဲ့
ကလေးတွေကတော့ ကျောင်းမှာ အမြဲတန်း
ပြဿနာဖြစ်တဲ့ ကလေးမျိုး (Problem Child)
တွေ ဖြစ်တတ်ပြီး အထူးသဖြင့်ကတော့ ယောက်ျား လေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကျောင်းစာကိုလည်း စိတ်မဝင်စားသလို
အောင်မြင်ထမြောက်မှုကို လည်း မလိုချင်၊
တခြားလူတွေနဲ့ ဆက်ဆံရေးလည်း မပြေလည်ဘဲ
ရှောင်ဖယ်နေတတ်တာကို တွေ့ရ ပါတယ်။
နောက်ပိုင်းမှာတော့ အိမ်ပြေး၊ ကျောင်းပြေးဘဝကိုရောက်ကာ ဆိုးသွမ်းလူငယ်တွေ ဖြစ်သွား တာကို တွေ့ရပါတယ်။
အထက်မှာဆွေးနွေးခဲ့တဲ့ တတိယအချက်ဖြစ်သော ပိုင်နိုင်ပြီးသြဇာရှိတဲ့
မိဘမျိုးရဲ့ သွန်သင် ဆုံးမမှုအောက်မှာ
နွေးထွေးတဲ့မေတ္တာကို ခံယူကြီးပြင်းလာတဲ့
ကလေးတွေကတော့ စာသင်ကျောင်း တွေရောက်တဲ့အခါ
မိမိကိုယ်ကို အလေးအမြတ်ထားခြင်း
(Self-esteem)၊ စိတ်တည်ငြိမ်ရင့်ကျက် ခြင်း
(Maturity)၊ စည်းကမ်းလိုက်နာပြီး
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း၊
ကိုယ်ခြင်းစာတတ်ခြင်း၊
အောင်မြင်ထူးချွန်လိုတဲ့စိတ်ရှိခြင်း စတဲ့
ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ကြတဲ့အတွက် ထူးချွန် အောင်မြင်သူများ (Superior)
ဘဝကို ရောက်ရှိသွားကြတာကို တွေ့ရပါတယ်။
ဒါကြောင့် မိဘမဖြစ် သေးသူ၊ မိဘဖြစ်ပြီးသူ၊
မိဘမဖြစ်သေးသော်လည်း
အုပ်ထိန်းသူဖြစ်မယ့်သူတိုင်းဟာ
နောင်တခေတ် ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာ
ဘယ်နည်းလမ်းဟာ အကောင်းဆုံးဖြစ်သလဲဆိုတာကို
သိရှိပြီး မိမိရဲ့အပြုအမူ အနေအထိုင်ကို
ကောင်းအောင်ပြုပြင်ရင်း ကလေးတွေကို
လမ်းညွှန်ပေးကာ
အမိနိုင်ငံတော်အတွက် သားကောင်း သမီးကောင်း ရတနာလေး တွေ မွေးထုတ်ပေးရမှာကတော့
သမိုင်းပေးတာာဝန်တစ်ရပ်ဖြစ်ပါတယ်လို့
စိတ်ပညာဆရာမ တစ်ယောက်အနေနဲ့
အကြံပေးဆွေးနွေးရင်းနဲ့
နိဂုံးချုပ်ပါရစေရှင်။
။
မြမြဆွေ (စိတ်ပညာ)
အတွေးအမြင်၊ အမှတ်စဉ် (၁၉၇)၊ သြဂုတ်၊
၂၀၀၈။ စာမျက်နှာ (၁၄၂ - ၁၄၄) မှ -
xxxxxxxxxxxxxxxx
မှတ်ချက်
နှစ် ၂၀ ကြာလာတော့
ကျနော်တို့တတွေ မိဘတွေဖြစ်လာကြတယ်။
တချို့ဆိုရင် မြေးတောင်ချီနေကြရပြီ။
မြန်မာ့ဆိုရိုးမှာတော့
“လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ
မိနဲ့ဖ” လို့ ဆိုပါတယ်။ “သားသမီးမကောင်း
မိဘခေါင်း” ဆိုတဲ့
တာဝန်ယူမှုနဲ့ တာဝန်ရှိမှုကို
ဖော်ပြထားချက်လည်း ရှိသေး တယ်မဟုတ်ပါလား။
စိတ်ပညာဆရာမကတော့ ယေဘုယျ
မိဘအမျိုးအစားကို (၃) မျိုး ခွဲပြထားပါတယ်။
လူမှုလက်တွေ့ဘ၀မှာတော့
ဒီထက်မကတဲ့ ထူးခြားတာတွေလည်းရှိနိုင်ပါတယ်။
မိဘတိုင်း
ကိုယ့် ဘာသာ ပြန်လည်ဆန်းစစ်ကြည့်နိုင်ဖို့
ဒီဆောင်းပါးလေးက အကျိုးပြုမယ်ထင်ပါတယ်။
တကယ်တော့ ကိုယ့်သွေးကိုယ့်သား၊
ကိုယ့်သားသမီးဆိုပေတယ်လို့ ကလေးဆိုတာဟာ
သူ့အသွေး၊ သူ့အသား၊ သူ့ဦးနှောက်နဲ့
အရွယ်မရောက်သေးတဲ့
လူသားတစ်ဦးပဲမဟုတ်ပါလား၊ တချို့ကတော့
ဖရောင်းတုန်းကလေးလို့ထင်မှတ်ပြီး
ကိုယ်လိုရာ
ပုံသွင်းနိုင်ဖို့ ကြိုးစားကြပါတယ်။
တချို့လည်း ပုံသွင်းသလိုဖြစ်ပြီး၊
တချို့ကတော့ ဒီလိုနဲ့ အရောင်လွှင့်သွားတဲ့
ဂျင်းဘောင်းဘီလေး တွေ ဖြစ်သွားပါတယ်။
နောက်တစ်ချက်က
စိတ်ပညာဆရာမရဲ့လေ့လာမှုအတိုင်းဆိုရင်
ပညာမဲ့ပြီး၊ ဆင်းရဲတဲ့
မိဘတွေရဲ့ သားသမီးတွေရဲ့ဘဝကတော့
ရင်လေးစရာပါပဲ။ ကမ္ဘာမှာရော၊
ကျနော်တို့တိုင်းပြည်မှာ ရော
ဆင်းရဲပြီးပညာမဲ့
မိသားစုဦးရေ ပိုများနေတယ်မဟုတ်ပါလား။
ဒါကြောင့် ကလေးတွေရဲ့ကိုယ်ရည်ကိုယ်သွေးကို
ဒီလိုယေဘုယျကျလွန်းတဲ့
အချက်တွေ လောက်နဲ့တိုင်းတာပြီး
ကောက်ချက်တွေဆွဲလို့လည်း မဖြစ်သေးဘူးလို့ထင်ပါတယ်။
ဒါကြောင့်ကလေးတွေကို
ပြုစုပျိုးထောင်တယ်ဆိုတာ အိုးထိန်းသည်အိုးလုပ်သလိုပဲလား၊
ဆံပင်ညှပ်ဆရာ သူ့ဘာသာ ဆံပင်ပုံစံလှလှ
ပြန်ညှပ်ရတဲ့ပြဿနာမျိုးလား၊
တွေးတောဆင်ခြင်ကြည့်ဖို့ ဖြစ်ပါကြောင်း။
ထင်မြင်ချက်တွေကို လေးစားကြိုဆိုလျက်ပါ။
|