ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

စာအုပ်မှတ်တမ်း 

စာအုပ်အမည်                   ဂလိုဘယ်လိုက်ဇေးရှင်း 

စာရေးသူ                        အောင်သူငြိမ်း 

ထုတ်ဝေသည့်ခုနှစ်             ၂၀၀၂ ခုနှစ်၊ မေလ 

ထုတ်ဝေသူ                       ပါတီလေ့လာရေးဌာန၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ 

စာအုပ်ပြင်ဆင်မှု                အောင်နိုင်ဦး၊ နေဇော်နိုင်၊ မောင်လွမ်းဏီနှင့် IPO ရဲဘော်များ 

            အများအားဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းလို့ လူသိများနေတဲ့ မြန်မာဘာသာအားဖြင့် အမည်အတည်တကျ မရှိသေးဘဲ တချို့က ‘ကမ္ဘာလုံးဆိုင်ရာ လက္ခဏာဆောင်မှု’ ‘ကမ္ဘာမှုပြုခြင်း’ ‘ကမ္ဘာဆန်လာခြင်း’ စသည် စသည်ဖြင့် သုံးနှုန်းနေကြသည်။ ဆရာဒဂုန်တာရာက ‘ကမ္ဘာလုံး လှည့်လည်ခြုံပတ်ရေး’လို့ ခေါ်ဆိုပြီး ကွယ်လွန်သူ ဆရာမြသန်းတင့်က ‘ကမ္ဘာ့ဝါဒပြန့်နှံ့ရေး’လို့ ဘာသာပြန်ခဲ့ပါတယ်။

            ဘယ်လိုပဲဖြစ်ဖြစ် ယနေ့ကမ္ဘာ့အခင်းအကျင်း ဖြစ်စဉ်ကို ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်လို့ ခေါ်နေကြပေမယ့် ဒီအတွက် တိကျတဲ့ အဓိပ္ပါယ်အယူအဆအမျိုးမျိုး ရှိနေကြပါတယ်။ ဆန့်ကျင်သူ၊ ကန့်ကွက်သူ၊ ထောက်ခံသူများအကြား ဒီကမ္ဘာ့ဖြစ်စဉ်ကြီးက လှည့်လည်တိုးပွားနေပါတယ်။ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း သံမဏိအမျိုးသမီး မာဂရက် သက်ချာကတော့ ‘မှတပါးအခြားမရှိ၊ တခြား ရွေးချယ်စရာမရှိ’လို့ ပြောနေပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ ချမ်းသာသူ လူနည်းစုအတွက်သာ ဖြစ်ပြီး ဆင်းရဲသား လူများစုအတွက် ဆင်းရဲတွင်းပိုနက်စေတယ်လို့ ယူဆတဲ့ လူမှုရေးလှုပ်ရှားတက် ကြွသူ သိန်ပေါင်းများစွာက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အစည်းအဝေးများမှာ ဆန္ဒပြကန့်ကွက် ခဲ့ကြပါတယ်။

            ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ပတ်သက်ပြီး စာရေးသူ အောင်သူငြိမ်းက အဓိပ္ပါယ်ဖွင့်ဆိုမှု မလုပ်ပဲ ထောင့်ပေါင်းစုံက အချက်အလက်များကို တင်ပြထားပြီး စာဖတ်သူတွေကိုယ်တိုင် အဓိပ္ပါယ် ရှာဖွေဖို့  ပေးအပ်ထားတာကို တွေ့မြင်ရပါတယ်။

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.