|

စာအုပ်မှတ်တမ်း
စာအုပ်အမည် အမှောင်ကြားက
ဗမာပြည် (အနီးခေတ်
မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်းအကျဉ်း ၁၉၄၈-
၂၀၀၀)
စာရေးသူ
ဝင်းတင့်ထွန်း
ထုတ်ဝေသည့်ခုနှစ် ၂၀၀၇ ခုနှစ်၊ မေလ
ထုတ်ဝေသူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(ပြန်ကြားရေးဌာန) အလင်းအိမ်စာစောင်
ရဲဘော်များ (ဂျပန်နိုင်ငံ)
စာအုပ်ပြင်ဆင်မှု ကိုမောင်နိုင်၊ ကိုဝင်းသိန်း၊
ပီကနူ
စာအုပ်တန်ဖိုး ထိုင်းနိုင်ငံအတွင်း (၃၀၀)ဘတ် ထိုင်းနိုင်ငံပြင်ပ
(၁၀)ဒေါ်လာ (စာပို့ခမပါ)
စစ်အာဏာာရှင်များက မြန်မာ့သမိုင်းကို
ဖျောက်ဖျက်ပစ်နိုင်ရေးအတွက်
အစဉ်တစိုက် လုပ်ဆောင်နေခဲ့သည်။ မြန်မာနိုင်ငံအတွင်း ထွက်ရှိသမျှ သမိုင်းစာအုပ်များသည်
(၁၉၆၂)ခုနှစ်တွင် အဆုံးသတ်သွားရလေ့ရှိသည်။
ထို့ကြောင့် မြန်မာ့သမိုင်းတွင် ကွက်လပ်များစွာ
ရှိနေခဲ့သည်။ ထိုကွက်လပ်များထဲမှ ကွက်လပ်တခုကို
ဖြည့်စွမ်းသည့်အနေဖြင့် ဆရာဝင်းတင့်ထွန်းက
‘အမှောင်ကြားက ဗမာပြည် (အနီးခေတ် ဗမာပြည်
နိုင်ငံရေးလှုပ်ရှားမှုပုံရိပ်) ၁၉၄၈-၂၀၀၀’
စာအုပ်ကို ရေးသားပြုစုခဲ့ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြန်ကြားရေးဌာန)နှင့်
ဂျပန်နိုင်ငံရှိ အလင်းအိမ်စာပေတို့မှ
ပူးတွဲထုတ်ဝေခဲ့သည်။
စာမျက်နှာ (၅၆၀) ပါဝင်သည့်
ယင်းစာအုပ်တွင် အပိုင်း (၅)ပိုင်းပါရှိပြီး
အပိုင်း (၁) တွင် လွတ်လပ်ရေးရပြီး (၁၉၄၈)မှ ဖဆပလအစိုးရ ပြိုကွဲပြီးအိမ်စောင့်အစိုးရ တက်လာသည့်
(၁၉၅၈)အထိ ပါဝင်သည်။
အပိုင်း (၂) တွင် (၁၉၅၈)ခုနှစ်မှ
(၁၉၆၂)ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းချိန်အထိ
ပါဝင်ပြီး အပိုင်း (၃) တွင် တော်လှန်ရေးကောင်စီနာမည်ဖြင့်
အာဏာယူထားသည့် (၁၉၇၄)ခုနှစ်အထိ ပါဝင်သည်။
အပိုင်း (၄) တွင် မဆလခေတ်
အဖြစ်အပျက်များကို ဖော်ပြထားပြီး
ရှစ်လေးလုံး အရေးတော်ပုံအတွင်း ပြည်သူ
ထောင်ပေါင်းများစွာကို သတ်ဖြတ်ကာ အာဏာရယူခဲ့သည့်
(န၀တ၊ နအဖ)စစ်အာဏာရှင်ခေတ်၏ ပုံရိပ်ကို
နိဂုံးပိုင်းတွင် ဖော်ပြထားပါသည်။
စာအုပ်မျက်နှာဖုံးကို
ကြွေရောင်စက္ကူဖြင့်
ရိုက်နှိပ်ထားပြီး သမိုင်းဝင်ပုဂ္ဂိုလ်များ၏ ဓါတ်ပုံ တွေကိုလည်း ဖော်ပြထားပါတယ်။ |