|

စာအုပ်မှတ်တမ်း
စာအုပ်အမည် ပဋိပက္ခနှိုင်းယှဉ်လေ့လာမှု
စာတမ်း
ရုရှား-
ချေချင်းညာနှင့် အင်ဒိုနီးရှား- အရှေ့တီမော
စာရေးသူ စိုးမိုး(ထွန်းထွန်းသန်း)
ထုတ်ဝေသည့်ခုနှစ် ၂၀၀၁ ခုနှစ်၊ မေလ
ထုတ်ဝေသူ ပါတီလေ့လာရေးဌာန၊
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
စာအုပ်ပြင်ဆင်မှု ၀င်းသူရ(ဧရာဝတီ)
ယခုစာအုပ်သည် ဆွီဒင်နိုင်ငံ၊ ဥ(ပ်)ဆာလ
(Uppsala Conflict Research) တွင် တက် ရောက်စဉ်
စာရေးသူ ပြုစုခဲ့သော စာတမ်း (၂)စောင်အနက်မှ
တစောင်ကို ထုတ်ဝေခြင်းဖြစ်သည်။ စာအုပ်ခေါင်းစဉ်မှာ
ပါဝင်သည့်အတိုင်း
ရုရှနိုင်ငံနဲ့ ခွဲထွက်လိုတဲ့
ချေချင်းညာဒေသအကြား ပြင်းထန်တဲ့ ပဋိပက္ခ၊
အရှေ့တောင်အာရှရှိ
အင်ဒိုနီးရှားနိုင်ငံနဲ့ အရှေ့တီမောအကြား
ပဋိပက္ခများ အကြောင်း
လေ့လာဆွေးနွေးထားတာဖြစ်ပါတယ်။
ပညာရပ်ဆိုင်ရာ စာတမ်းဖြစ်သည့်အတိုင်း
ပုံစံတကျ လေ့လာသုံးသပ်ထားပါသည်။ သမိုင်း ဆိုင်ရာ
နောက်ခံအကြောင်းများမှအစ ပဋိပက္ခတွင် ပါဝင်နေသော
အင်အားစုများ၏ အမြင်များကိုပါ
လက်ရှိသမိုင်းဆိုင်ရာ အခြေအနေ၊ အချက်အလက်များဖြင့်
တင်ပြထားပါတယ်။
ဒီပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စာရေးသူ
စိုးမိုး(ထွန်းထွန်းသန်း)က
‘နိုင်ငံရေးနှင့်ဆိုင်သော လူထုလွတ်လပ်မှု
အခွင့်အရေးများကို ထိန်းသိမ်းတိုးချဲ့ခြင်း၊
လူမျိုးစုလက္ခဏာများကို အသိအမှတ်ပြု ခြင်းနှင့်
ဒေသတွင်းရှိ တိုင်းပြည်များအချင်းချင်း
အပြန်အလှန် ကူညီ ရင်းနှီးချစ်ကြည်စွာ
ပူးပေါင်း ဆောင်ရွက်မှုပြုခြင်း အစရှိသော
လုပ်ဆောင်မှုတို့ကို ငြိမ်းချမ်းရေးအုတ်မြစ်၏
အခြေခံဥပဒေသများ အဖြစ် အသိအမှတ်ပြု သတ်မှတ်တည်ထောင် ထိန်းသိမ်းတိုးချဲ့သွားမှသာလျှင် ပဋိပက္ခကို
အဆုံး သတ်နိုင်မည်’လို့ နိဂုံးချုပ်ထားပါတယ်။ |