ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

 မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေး ဒုတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၄ ရက်နေ့တွင် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိ အမှတ် ၂၊ အမှတ်၂၀၊ အမှတ် ၄ ရပ်ကွက်များသို့ အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီ၏ လုပ်ငန်းစဉ်အဖြစ် အမှတ်(၂)ရပ်ကွက်တွင်လည်း ရပ်ကျေးဆိုင်းဘုတ် တင်ခဲ့ပါသည်။