ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်လူထုစည်းရုံးရေးခရီးစဉ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာ ၁၅ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ကျားတိုင်း၊ သိမ်ရွာ၊ ရွာရှည်၊ ဆင်းဂွတ်၊ မရိုးကုန်းရွာများရှိ ကျေးလက်နေပြည်သူတို့ထံသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှပြီး ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒသဘောထားများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။