ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

DPNSဘားအံမြို့နယ်စည်းရုံးရေးကော်မတီ အစည်းအဝေးကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးသည် ၁၉၊၄၊၁၇ ရက်နေ့ ညနေပိုင်းတွင် ဘားအံမြို့နယ် ပါတီစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ အစည်းအဝေးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၇ အတွင်း လုပ်ဆောင်မည့် ပါတီလုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကို အတွင်းရေးမှူး(၂)က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဘားအံ စည်းကော်မတီဝင်များကလည်း ဒေသအခြေအနေနှင့် စည်းရုံးရေးအခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။