ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

Danish Social Democratic Party ကွန်ဂရက်သို့တက်ရောက်

Danish Social Democratic Party ကွန်ဂရက်ကို ၂၃၊ ၉၊ ၁၆ ရက် နေ့လည် ၁း၀၀ နာရီက ဒိန်းမတ်နိုင်ငံ၊ အားဘတ်ဂ်မြို့၌ စတင်ကျင်းပခဲ့ပါသည်။ ၎င်းကွန်ဂရက်သို့ တက်ရောက်သူ ၁၀၀၀ ခန့်ရှိရာ Danish Social Democratic Party ၏ မဟာမိတ်ပါတီများမှ ကိုယ်စားလှယ်များ နှင့် သံအမတ်များအပါအ၀င် နိုင်ငံတကာမှ ဧည့်သည်တော် ၇၀ ကျော်လည်း တက်ရောက်ခဲ့ကြပါသည်။ SODEM-ASIA ၏ ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလင်းမြတ် တို့လည်း တက်ရောက်ခဲ့ကြပါသည်။