ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

August 2019
M T W T F S S
« Jul    
 1234
567891011
12131415161718
19202122232425
262728293031  

တောင်သူလယ်သမားရေးနှင့် မြေယာကိစ္စရပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ် ပြုလုပ်ကျင်းပ

၂၀၁၆ခုနှစ် မတ်လ ၁၆ရက်၊ ၁၇ ရက်နေ့များတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တောင်သူလယ်သမားရေးနှင့် မြေယာကိစ္စရပ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူးဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေး ကော်မတီဝင်များ၊ ဒေသအသီးသီးတွင်  တောင်သူလယ်သမားအရေးဆောင်ရွက်နေသည့် ပါတီဝင်ရဲဘော်များနှင့် ဖိလစ်ပိုင်နိုင်ငံမှ Active Citizenship Foundation (ACF)  ၏ တာဝန်ရှိသူများ  တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် Mrs. Mary Claire နှင့် Mr. Arnold တို့က ဖိလစ်ပိုင်နိုင်ငံ၏ မြေယာသမိုင်းကြောင်း၊ တောင်သူလယ်သမားများနှင့် မြေယာပိုင်ဆိုင်မှု ပြဿနာများ၊ အစိုးရ၏ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လက်တွေ့ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားများ ဖြစ်ကြပြီး အများစုမှာ လုပ်ကွက်ငယ်လယ်သမားများ ဖြစ်ကြ ပါသည်။ လက်ရှိ ပြဋ္ဌာန်းထားသော မြေယာဆိုင်ရာဥပဒေ၊နည်းဥပဒေများအရ ခရိုနီလယ်သမားလူတန်းစားတရပ်လည်း ပေါ်ထွန်း နေပြီး လယ်ယာမြေသိမ်းဆည်းမှုများလည်း များစွာ ဖြစ်ပေါ်နေရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် သိမ်းဆည်းခံလယ် သမားများအား အကာအကွယ်ပေးနိုင်ရေးအတွက် ဖိလစ်ပိုင်လယ်သမားများ၏ ရုန်းကန်လှုပ်ရှားနေမှုများကို လေ့လာခဲ့ကြခြင်း ဖြစ်ပါသည်။မြန်မာနိုင်ငံလက်တွေ့အတွက် သင်ခန်းစာများ ထုတ်ယူခဲ့ကြပါသည်။