ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ပါတီ ဗဟိုစည်းရုံးရေးကော်မတီ၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကျေးစည်းကော်မတီများ တွေ့ဆုံပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟို၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကျေးစည်းကော်မတီများ တွေ့ဆုံပွဲကို ၂၀၁၈ ဇူလိုင်လ ၁ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌက အဖွင့်စကားပြောကြားခဲ့ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များက လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပါတီမူဝါဒသဘောထားများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလောဆောင်ရွက်ရမည့်လုပ်ငန်းများ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။