ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

၄၅ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ အခမ်းအနား

၄၅ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့အခမ်းအနားကို ၃၁၊ ၇၊ ၁၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ကျင်းပခဲ့ရာ ကျွန်းပြန်ရဲဘော်ကြီးများနှင့် မိသားစုဝင်များ၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင်များ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အခြားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များ၊ UNDO အဖွဲ့ဝင်များ၊ လက်ပံတောင်းတောင်ဒေသခံများ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးလှချို(ကျွန်းပြန်)၊ ဦးဖေအောင်(ကျွန်းပြန်)၊ ဦးအံ့မောင်(နာယက – မှိုင်းငြိမ်းကွန်ရက်)၊ ဦးစိုင်းညွန့်လွင်(အတွင်းရေးမှူး – UNA)၊ ဗိုလ်မှူးကြီးစောလွင်(တွဲဖက်အတွင်းရေးမှူး – ကယန်းပြည်သစ်ပါတီ)၊ ကိုမိုးထက်နေ(ဒုဥက္ကဋ္ဌ – ဗကသ)၊ ဒေါက်တာညိုညိုသင်း၊ ဒေါ်ခင်မမမျိုးတို့က ကျွန်းစနစ်နှင့် ကိုယ်ထူကိုယ်ထစနစ်ဖျက်သိမ်းရေး  ၅၃ ရက်ကြာတိုက်ပွဲတွင် ကျဆုံးခဲ့ရသော သူရဲကောင်းရဲဘော် ၈ ဦးအတွက် ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ၎င်းအခမ်းအနားတွင် ကျွန်းပြန်ရဲဘော်များက သဘောထားကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အခြားအဖွဲ့အစည်းများကလည်း ဂုဏ်ပြုသ၀ဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။