ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

မြင်းခြံမှိုင်းငြိမ်းကွန်ရက် နာယက ဦးအောင်သူ အသက်(၈၀)ပြည့်မွေးနေ့


၁၉၆၁-၆၂မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ မြင်းခြံသပိတ်ကော်မတီ ဒုဥက္ကဋ္ဌ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်( မြင်းခြံ) နာယက ဦးအောင်သူ၏ အသက်(၈၀)ပြည့်မွေးနေ့ကို ၂၂၊ ၁၀၊ ၁၆ ရက်နေ့က မြင်းခြံမြို့၊ စွန်းလွန်းဂူကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မွေးနေ့ပွဲသို့ အနယ်နယ်အရပ်ရပ်ရှိ စာပေ၊ အနုပညာနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ မြင်းခြံဒေသခံ နိုင်ငံရေးအင်အားစုများ၊ မြင်းခြံမြို့နယ် DPNSရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်၍ အမှတ်တရဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။