ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ အဖွဲ့၏ မြောင်းမြမြို့နယ် ခရီးစဉ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်း ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈ မတ်လ ၂၇ ရက်နေ့၌ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ ပါတီဝင်ရဲဘော်များ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် လက်ရှိနိင်ငံရေးအခြေအနေများ ပါတီမူဝါဒ ပါတီတည်ဆောက်ရေး အရပ်ဖက်ဖွဲ့အစည်းများ၏အခန်းကဏ္ဍ လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ရွေးကောက်ပွဲနိင်ငံရေး ပါတီမြို့နယ်စည်းရုံးရေးကော်မတီကိုပြန်လည်ပြင်ဆင်တိုးချဲ့ရေး လယ်သမားသမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်ရေး စွမ်းရည်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။