ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၉ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ(ဌာနချုပ်)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ အစည်းအဝေးတက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ထို့နောက် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီး တာဝန်များခွဲဝေခဲ့ကြပါသည်။